တာဝန်ကျေလွန်းသည့် ယာဉ်ထိန်းရဲအား ရွှေခရာဆုချီးမြှင့်
23 Apr 2018 1,800 Views

နေပူမိုးရွာမရှောင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လွန်းသည့် မကွေးမြို့ပေါ်မှ တာဝန်ကျယာဉ်ထိန်းရဲ အရာရှိတစ်ဦးအား မြို့ခံပရဟိအဖွဲ့တစ်ဖွဲ့မှ ရွှေခရာဆုကို ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။




မကွေးမြို့ တပ်ဖွဲ့စု ၁၅ မှ ရဲတပ်ကြပ်ကြီး ခင်မောင်စိုးအား မကွေးမြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့မှ "ရွှေခရာဆု” ချီးမြှင့်ခဲ့ကြောင်း ကိုမျိုး ဖေ့စ်ဘွခ်အကောင့်တွင် ဓါတ်ပုံများနဲ့တစ်ကွ ဖော်ပြထားသည်။







