BEC-TERO TV

လေ့ကျင့်ခန်းလုပ်ရန်မလိုပဲ (၇)ရက်အတွင်း ဗိုက်ခေါက်ထူကြီး ဖြုတ်ချမယ်

24 Apr 2018     1,764 Views


ဗိုက်ခေါက်ထူ၊ ခါးတုတ် အဆီရွှဲနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် အားကစားလုပ်စရာမလို၊ အစားရှောင်ရန်မလိုပဲ ငွေကုန်ကြေးကျ သက်သာစွာနဲ့ ၇ ရက်အတွင်း အဆီပိုတွေ သိသိသာသာဖယ်ရှားနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်ဆိုရင် ယခုအကြောင်းအရာကို ဆက်လက် ဖတ်ရှုဖို့ ထိုက်တန်ပါပြီလား..?

ကြိုတင် မေတ္တာရပ်ချင်တာကတော့ အခုအကြောင်းအရာဟာ ကြောငြာဆောင်းပါး မဟုတ်ပဲ စာရေးသူနဲ့ တိုက်ဆိုင်ပြီး စိတ်ဝင်စားမိလို့ လေ့လာခဲ့မိသမျှ အကြောင်းအရာကို လိုအပ်နေသူများအတွက် ပြန်လည် ဝေမျှခြင်း သက်သက်သာဖြစ်ပါတယ်။

တစ်ရက်က မြဝတီချန်နယ်မှာ ရုပ်ရှင်ဇာတ်ကား ထိုင်ကြည့်နေရင်း ကြားဖြတ်ဝင်လာတဲ့ ကြော်ငြာတစ်ခုကြောင့် စာရေးသူ စိတ်ဝင်တစားဖြစ်သွားခဲ့ရပါတယ်။ ဗိုက်ခေါက်ထူနေတဲ့ အမျိုးသမီးတွေဟာ အဆီချဆေးဆိုတဲ့ လိမ်းဆေးကို လိမ်းကြရင်း ကီလို ၂၀ လောက်ထိ အဆီကျသွားပြီး သွယ်လှတဲ့ မော်ဒယ်လ်ဂဲလ်လေးတွေလို ဖြစ်ကုန်ကြတာပါပဲ..။

ဒီလောက်နဲ့တော့ စာရေးသူ ဗိုက်ပူတို့က မယုံသေးပါဘူး၊ ပိုပြီး မျက်လုံးပြူးသွားတာကတော့ အဆီကျဆေးလိမ်းပြီး ခန္ဓာကိုယ်က အဆီ(Fat) တွေ လောင်ကျွမ်းပြီး အဆီပျံချွေးအဖြစ် စိမ့်ထွက်လာတာကိုပါပဲ။

တစ်ကယ်သာ ဟုတ်ရိုးမှန်ရင်တော့ အဆီတွေကို လောင်ကျွမ်းမှုဟာ သဘာဝဆန်တယ်လို့ ဆိုနုင်ပါတယ်။ အားကစားလုပ်တဲ့အခါ ကျလာတဲ့ ချွေးသီးတွေဟာ ခန္ဓာကိုယ်ထဲက ကိုလက်စထရောနဲ့ အဆီတွေကို လောင်ကျွမ်းခြင်းကြောင့် ဖြစ်လာတာပါ။ ဒါကြောင့်မို့ ဆေးလိမ်းလိုက်တဲ့ နေရာတစ်ဝိုက် အခုလိုချွေးတွေ တစ်ကယ်စိမ့်ထွက်လာမယ်ဆိုရင်တော့ ဒါဟာတစ်ကယ်အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ပိုပြီး စိတ်ဝင်စားမိတာပါ။
(ဘာပဲဖြစ်ဖြစ် ဖမ်းစားနိုင်လို့ ဒီကြော်ငြာ အောင်မြင်တယ်လို့ ပြောလို့ရတယ်)

မှတ်ချက်။  ။ တစ်ခါမှ ဒီလောက်ရှည်တဲ့ကြော်ငြာ မကြည့်ဖူးပါ။

************************************************
ကြော်ငြာတဲ့ အဆီကျလိမ်းဆေးရဲ့ အမှတ်တံဆိပ်က “Seven Break Gel” ဖြစ်ပါတယ်။ အဲဒီဆေးနဲ့ ပက်သက်ပြီး အွန်လိုင်းပေါ်မှာ လိုက်ရှာပြီးဖတ်တဲ့အခါမှာတော့ “Seven Break Gel” ဟာ ဂျပန်နိုင်ငံထုတ် Japan Brand ပစ္စည်းဖြစ်ပြီး လက်ရှိနှစ်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်း အုတ်အော်သောင်းနင်း နာမည်ကြီး ပျံ့နှံ့ခဲ့တဲ့ အဆီကျလိမ်းဆေးခရင်မ် ဖြစ်နေပါတယ်။

အမျိုးသားရော အမျိုးသမီးပါ ခိမ်းနိုင်တဲ့ Seven Break Gel ဟာ အခုဆိုရင်  “Seven Break Gel (NEO)” အဖြစ် ထပ်မံထုတ်လုပ်ထားပြီး (၇)ရက်အတွင်း သိသိသာသာ အစွမ်းပြလို့ ဂျပန်အမျိုးသမီးလေးတွေကြား အရောင်းသွက်နေတဲ့ ခရင်မ်ဖြစ်ပါတယ်။

Seven Break Gel မှာ ပါဝင်တဲ့ အဓိက ကုန်ကြမ်းပစ္စည်းတွေကိုတော့ ပြင်သစ်နိုင်ငံက တင်သွင်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရနံ့သင်းပျံ့မှုနဲ့ အသားအရေပျက်ဆီးမှုကို ပြုပြင်ပေးနိုင်တဲ့ Aloe Vera တို့လည်း ပါဝင်ပါတယ်။

ယေဘုယျအားဖြင့် လူ့ခန္ဓာကိုယ်မှာရှိတဲ့ အဆီကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။ ပထမတစ်ခုကတော့ အရေပြားအပေါ်ယံ မျက်နှာပြင်မှာရှိပြီး အချိန် ၃ ပတ်အတွင်း မြန်မြန်ဆန်ဆန် ဖယ်ရှားနိုင်ပါတယ်။ ဒီလိုအဆီမျိုးကို ဖယ်ရှားဖို့ ခရင်မ်မှာပါဝင်တဲ့ Adipoless က လုပ်ဆောင်ပေးပြီး တစ်ချိန်ထဲမှာ အဆီဆဲလ်အသစ်တွေ ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဒုတိယ အမျိုးအစားကတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိနေတဲ့ အဆီဖြစ်ပြီး ဒီအဆီကို ဖယ်ရှားနိုင်ဖို့အတွက် ခရင်မ်ကို ၅ မိနစ်ခန့် နှိပ်နယ်ကာ လူးပေးရပါတယ်။ ဒီအခါကျမှ ခရင်မ်က အသားထဲ စိမ့်ဝင်ပြီး အတွင်းပိုင်းက မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ပူနွေးသလိုခံစားလာရတာကတော့ ခရင်မ်လိမ်းပြီးနောက် ပုံမှန်ခံစားရတဲ့ အနေအထားဖြစ်ပါတယ်။



ဘယ်လိုလိမ်းရမလဲ..?

Seven Break Gel (NEO) ကို ဗူးထဲက ထိုက်သင့်သလောက် ညှစ်ယူပြီး အဆီကျလိုတဲ့ ဝမ်းဗိုက်၊ လက်မောင်း၊ ခြေသလုံး၊ ပေါင် စတဲ့နေရာတွေကို လိမ်းပြီး စက်ဝိုင်းပတ်ပုံစံ ၃ မိနစ်ကနေ ၅ မိနစ်ထိ နှိပ်နယ်လိမ်းကျံပေးပါ။
သတိထားရမှာကတော့ မျက်နှာနဲ့ အင်္ဂါစပ်စတဲ့ နေရာတွေကို လိမ်းကျံခြင်း မပြုရပါဘူး။


တစ်ရက်ကို နှစ်ကြိမ် လူပေးသင့်ပြီး ခရင်မ်လိမ်းဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီး ခန္ဓာကိုယ်ခြောက်သွေ့အောင် လုပ်ပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထားရောက်တဲ့ထိ ပုံမှန်လိမ်းပေးနိုင်ပါတယ်။

(၇)ရက် ပုံမှန်လိမ်းပြီးတဲ့အခါမှာတော့ အရင်က ဝတ်လို့မရတော့တဲ့ ဘောင်းဘီတောင်ပြန်ပြီး ဝတ်လို့ တော်လာတယ်လို့ ကွန်မန့်တွေမှာ ဖတ်ခဲ့ရပါတယ်။


အွန်လိုင်းပေါ်မှာ Reviews တွေ ရှာဖတ်ကြည့်သလောက် ဘေးထွက်ဆိုးကျိုးရှိတယ်လို့ မတွေ့ရပဲ ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် Seven Break Gel ကို ကမ္ဘာကျော် အွန်လိုင်းရှော့ပင်းတွေဖြစ်တဲ့ Amazon, ebay တို့လို နေရာတွေမှာပါ တင်ရောင်းနေတာ တွေ့ရတဲ့အတွက် စိတ်ချရမှုရှိနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။


တစ်ခုပဲ သတိထားရမှာကတော့ Seven Break Gel အတု ရှိနေတယ်လို့ သိရတဲ့အတွက် ဝယ်ယူသုံးစွဲမယ်ဆိုရင်တော့ အနည်းငယ် သတိထားဖို့ လိုပါတယ်။ ယခုအကြောင်းအရာနဲ့အတူ အစွမ်းသတ္တိကို သိရှိနိုင်ရန် မြန်မာလို ရှင်းပြထားတဲ့ မြဝတီချန်နယ်မှာ ပြသနေတဲ့ Seven Break Gel ကြော်ငြာကိုပါ တင်ပြလိုက်ရပါတယ်။


(ဝယ်ယူသုံးစွဲခြင်း၊ မသုံးစွဲခြင်းက စာဖတ်သူရဲ့ ကိုယ်ပိုင်အဆုံးအဖြတ်သာဖြစ်ပြီး ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ရှိခဲ့ပါက စာရေးသူနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း ကြိုတင်အသိပေးပါရစေ)

အားလုံးပဲ ခန္ဓာသွယ်လျ စိတ်တိုင်းကျ လှပနိုင်ကြပါစေ။

 


24 Apr 2018     1,764 Views




RELATED

Most Popular of Special or Others

Most Popular of Life Style