BEC-TERO TV

Walk With Music (Episode 205)

22 Jul 2015     1,720 Views


Slot Machine ● Future

Slot Machine ဟာ BEC-Tero music နဲ့သီချင်းအခွေတွေကို စတင်ထုတ်လုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ ၂၀၁၄ ခုနှစ် ထိုင်းမှာကျင်းပခဲ့တဲ့ The Seize ဂီတပွဲမှာ Song of the year ဆုကို Yesterday သီချင်းနဲ့ ရရှိခဲ့ပါတယ်။ ထို့ပြင် Rock album of the year, Rock artist of the year နဲ့ Music Video of the year တို့ရဲ့ ဆန်ခါတင်စာရင်းထဲမှာလည်း ပါဝင်ခဲ့ ပါတယ်။ ဖွင့်ပြမဲ့သီချင်းနာမည်ကတော့ Rainbow album ထဲက Future ဆိုတဲ့သီချင်းပါ။ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး သူတို့ရဲ့ ၅ခုမြောက် albumထဲကပဲဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါအုံး ပရိတ်သတ်ကြီး…။

-

Master Wu  ● Come Here

ဒုတိယမြောက် သီချင်းကတော့ Master Wu feat: Dok 2, Bobby တို့ သီဆိုထားတဲ့  Hiphop သီချင်း တစ်ပုဒ် ဖြစ်တဲ့ Come Here ပဲဖြစ်ပါတယ်။။ သူတို့က New York ကနေလာခဲ့တာဖြစ်ပြီး YG Entertainment နဲ့ စာချူပ်ချူပ်ပြီးမှ နာမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ 

-

2NE1 ● Go Away

2ne1 ရဲ့ Go Away သီချင်းပါ။ 2ne1 ရဲ့ 5ခုမြောက် အခွေထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်က ထွက်ခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ 

-

G-Dragon  ● Crooked

Bigbang GD ရဲ့ Crooked သီချင်းပါ။ သူရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေထဲက သီချင်းဖြစ်ပါတယ်။  

▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪

 

22 Jul 2015     1,720 Views




RELATED

Most Popular of Walk With Music

Most Popular of Entertainment