BEC-TERO TV

သုံးဘီးနောက်တွဲယာဉ်ကို ခွေးကတက်မောင်းပြီး မတော်တဆမှုဖြစ်

25 Apr 2018     1,502 Views


တရုပ်နိုင်ငံ ဂျင်ဆူးမြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သုံးဘီးနောက်တွဲယာဉ်တစ်စီးဟာ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုထဲကို အရှိန်နဲ့ မောင်းဝင်ခဲ့တာ​ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။
အဆိုပါ သုံးဘီးနောက်တွဲယာဉ်ကို မောင်းလာသူက ခွေးတစ်ကောင်ဖြစ်နေကြောင်း ဝန်ထမ်းများက ထူးဆန်းစွာတွေ့ခဲ့ပါတယ်။


ဖြစ်စဉ်ကတော့ သုံးဘီးနောက်တွဲယာဉ်ပိုင်ရှင်ဟာ ဝင်တိုက်ခံရတဲ့ ဖုန်းအရောင်းဆိုင်နဲ့ ကပ်လျက်က သစ်သီးဆိုင်ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့ သုံးဘီးနောက်တွဲကို စက်မသတ်ပဲရပ်ထားစဉ် ခွေးကတက်သွားပြီး လီဗာကိုနင်းကာ မောင်းထွက်ခဲ့သဖြင့် အခုလို ဝင်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဖုန်းဆိုင်ပိုင်ရှင်အနေနဲ့ သူ့ရဲ့ဆိုင်ကို အားမခံထားလား၊ မထားဘူးလားဆိုတာကိုတော့ ရှင်းလင်းစွာမသိရပါ။
 


25 Apr 2018     1,502 Views




RELATED

Most Popular of Special or Others

Most Popular of NEWS