မီးခိုးငွေ့ကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးပြဿနာများ ကာကွယ်ရန်နည်းလမ်း
26 Apr 2018 1,647 Views

ထိန်ပင်အမှိုက်ပုံ မီးလောင်းကျွမ်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် မီးခိုးငွေများ ရှုရှိုက်ခံစားနေရပြီး ဧပြီလ ၂၅ ရက်နေ့ထိ အတွင်းလူနာအဖြစ် ၁၄ ဦး လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌါနမှ သိရှိရသည်။
ထို့ကြောင့် မီးခေိုးငွေကို ရှုရှိုက်မိသူများ အနေနဲ့ ခံစားရမည့် ကျန်းမာရေးပြဿနာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဧပြီလ ၂၄ ရက်နေ့က ကျန်မားရေးနှင့် အားကစားဝန်ကြီးဌါနမှ အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။









