မီးခိုးသင့်လူနာများအား လက်ခံကုသပေးရန် အရေးပေါ်အဖွဲ့ ဖွဲ့စည်း
26 Apr 2018 1,420 Views
လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မီးခိုးဒဏ်သင့် လူနာများအား လက်ခံကုသပေးနိုင်ရန် အရေးပေါ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
အဆိုပါအရေးပေါ်အဖွဲ့တွင် ဆရာဝန်များ၊ သူနာပြုများနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပါဝင်ပြီး ထိန်ပင်အမှိုက်ပုံမီးလောင်မှုကြောင့် မီးခိုးများရှုရှိုက်မိတဲ့ ပြည်သူများကို လက်ခံကုသပေးနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။