ကျိုက်ထီးရိုးတောင်တက် ကေဘယ်လ်ကားများ လုံခြုံမှုကို ရာနှုန်းပြည့်အာမခံ
26 Apr 2018 2,053 Views
ပထမဦးဆုံး ကျိုက်ထီးရိုးတောင်တက် ကေဘယ်လ်ကားများကို တည်ဆောက်ပြေးဆွဲနေတဲ့ Sky Asia ကုမ္ပဏီက ကေဘယ်လ်ကားများ၏ လုံခြုံရေးနဲ့ ပက်သက်ပြီး ကောလဟာပြောဆိုနေမှုများအပေါ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂၄ ရက်နေ့က ကျိုက်ထိုမြို့နယ် ရသေ့တောင်စခန်း ကင်ပွန်းချောင်း ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး Sky Asia ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်သန်းက ကေဘယ်လ်ကားများ၏ စိတ်ချလုံခြုံမှုကို ၁၀၀% ရာနှုန်းပြည့်အာမခံကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Photo Credit: The Myanmar Times







