မီးခိုးသင့်ပြည်သူများအား နေရာရွေ့ပြောင်းပေးရန်စီစဉ်
26 Apr 2018 1,561 Views
လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် မီးခိုးငွေဒဏ်ကို အများဆုံးခံနေကြရသည့် နယ်မြေ ၅ ခုမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးရန် ဂေဟာတစ်ခုကို အစိုးရက စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။
လှိုင်သာယာမြို့နယ်အပိုင်ဖြစ်သည့် ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ အလယ်ရွာ၊ ရွှေလင်ပန်းစက်မှုဇုံ၊ ကျုံစု အစရှိတဲ့ မီးခိုးသင့်နယ်မြေများမှ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများအား အမြန်ဆုံး ပြောင့်ရွေ့ပေးနိုင်ရန် စီစဉ်နေပါတယ်။
ဂေဟာအဖြစ် ပြောင်းရွေ့ရန် ၁၂ ရပ်ကွက်နှင့် ၁၅ ရပ်ကွက်ရှိ အထက ကျောင်းများအနီး ရာထာပြီး မီးခိုးအန္တရာယ်ရှိနိုင်မှု အခြေနေများကို စစ်ဆေးဆောင်ရွက်နေပြီဖြစ်သည်။