BEC-TERO TV

တီဗီရုပ်သံလိုင်းများကို HD အကြည်လင်ဆုံးဗားရှင်းနဲ့ ဖမ်းယူကြည့်ရှုနည်း

26 Apr 2018     3,758 Views


MRTV 4, Channel 7 အပါအဝင် အခမဲ့ဖမ်းယူရရှိနိုင်သော ရုပ်သံလိုင်းများနဲ့ ထပ်မံတိုးချဲ့သော ရုပ်သံလိုင်း အသစ်များကို (CANAL +, 4TV, SkyNet) အပါအဝင် အခြားမည်သည့်စက်မှ တပ်ဆင်ရန်မလိုပဲ သာမန် အင်တန်နာနဲ့ပဲ ကြည်လင်ပြတ်သားစွာ ဖမ်းယူကြည့်ရှုနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။

ဖော်ပြပါနည်းလမ်းဖြင့် ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုခြင်းဖြင့် အင်တန်နာ ခဏခဏလှည့်ရတဲ့ဒုက္ခ၊ အရုပ်တွေ မှုန်ဝါးနေတဲ့ဒုက္ခနဲ့ 5 Plus စက်များနဲ့ SkyNet စက်များကိုပါ အနားပေးလိုက အနားပေးနိုင်လောက်အောင် ရုပ်သံလိုင်းသစ်တွေကိုလည်း ထပ်တိုးဖမ်းမိမှာဖြစ်ပါတယ်။

HD အကြည်ရုပ်သံအစီစဉ်များကို ဖမ်းယူနိုင်ရန် အဓိကလိုအပ်ချက် နှစ်ခုကတော့ ဒီဂျစ်တယ်အမျိုးအစား တီဗီနဲ့ အင်တန်နာတို့ပဲဖြစ်ပါတယ်။


ဒီဂျစ်တယ်တီဗီ

လူတိုင်းနားလည်ထားကြတဲ့အတိုင်း လွယ်လွယ်ပြောရရင် Flat အမျိုးအစား (LCD, LED) တီဗီတွေပဲ ဖြစ်ပါတယ်။
ဒီဂျစ်တယ် တီဗီဟုတ်မဟုတ် သင့်အိမ်ရဲ့ ဧည့်ခန်းထဲက TV အနောက်ဖက် (သို့) ဘေးဘက်ကို ကြည့်လိုက်ရင် HDMI (သို့) USB (သို့) နှစ်မျိုးစလုံးအတွက် အပေါက်တွေ ပါနေတာကို ပုံပါအတိုင်း တွေ့ရပါမယ်။ (အချို့ Digital TV တွေမှာ USB အပေါက် မပါပါ။)

 

အင်တန်နာ

အင်တန်နာအနေနဲ့ အမျိုးအစား မရွေးပေမယ့် အသစ်တပ်ဆင်မယ်ဆိုရင်တော့ ဈေးနှုန်းလည်း သက်သာပြီး ငါးအရိုးလို ရှုပ်ရှုပ်ရှက်ရှက် ဘားတွေ လုံးဝမပါဝင်တော့ပဲ ရိုးရှင်းတဲ့ UHF, VHF (MINI BAR) အမျိုးအစားကို ပိုပြီးထောက်ခံပါတယ်။


တီဗီကလည်း ဒီဂျစ်တယ်ဖြစ်တယ် အင်တန်နာကလည်း အသင့်တပ်ဆင်ပြီးသားဆိုရင် လုပ်ငန်းစလိုက်ရအောင်..။
ဥပမာပြပုံတွေအဖြစ် Samsung TV နဲ့ SONY TV တို့ကို ပြသထားပါတယ်။ မိမိဝယ်ထားတဲ့ TV အမျိုးအစားအလိုက် Menu Setting ပုံစံအနည်းငယ် ကွာခြားနိုင်သော်လည်း လုပ်နည်းလုပ်ဟန် အတူတူဖြစ်ပါတယ်။

လုပ်ငန်းမစတင်မီ ပထမအဆင့် အနေနဲ့ တီဗီနဲ့ အင်တန်နာကို ချိပ်ဆက်ထားရန် လိုအပ်ပါတယ်။

Samsung TV တွင် ဖမ်းယူခြင်း

 

၁။ TV Remote ကနေ Menu ခလုပ်ကို နှိပ်ပါ။
၂။ Broadcasting (စလောင်းပုံ) ကို ရွေးချယ်ပါ။


၃။ Auto Tuning ကို ရွေးချယ်ပါ။


၎။ Start နှိပ်ပါ။


၅။ Channel Type မှာ Digital & Analogue ကို ရွေးချယ်ပေးလိုက်ပါ။
(အကယ်လို့ TV Brand မတူ၍ Digital နဲ့ Analogue သီးခြားစီခွဲရွေးရန်လိုပါက “Digital” ကိုရွေးချယ်ပါ)


၆။ Scan ကို နှိပ်ပါ။ (ချန်နယ်များ ရှာနေတဲ့အတွက် အနားယူရင်း ခဏစောင့်ပေးပါ)


၇။ Scan 100% ပြီးစီးသွားပါက လိုင်းဖမ်းမိထားသော ချန်နယ်များစွာကို တွေ့ရပါမည်။ ထိုအထဲတွင် Pay Line များဖြစ်တဲ့ CANAL+ တို့ကို တွေ့ရသော်လည်း ကြည့်ရှုနိုင်မည် မဟုတ်ပါ။


ထပ်တိုးလိုင်းများအဖြစ် MRTV-4 HD, Channel 7 HD, 5 Plus, MWD channel များ၊ Mizzima TV, DVB, Channel K အစရှိသော ရုပ်သံလိုင်းအများအပြားကို ထပ်မံတွေ့ရှိရမှာဖြစ်ပါတယ်။

=================================

SONY BRAVIA TV တွင် ဖမ်းယူခြင်း

၁။ TV Remote ကနေ Menu ခလုပ်ကို နှိပ်ပါ။
၂။ Settings ထဲက Digital Set Up ကို ရွေးချယ်နှိပ်ပါ။


၃။ Auto Tuning Range ကို ရွေးချယ်ပြီး “Full” ရွေးပေးပါ။


၎။ Confirm ကို နှိပ်တာနဲ့ ရုပ်သံလိုင်းတွေ စတင်ရှာပါပြီ (အချိန် ၁၀ မိနစ်ခန့် စောင့်ရတတ်ပါတယ်)


၅။ ဖော်ပြပါအတိုင်း ထပ်တိုးလိုင်းများအဖြစ် MRTV-4 HD, Channel 7 HD, 5 Plus, MWD channel များ၊ Mizzima TV, DVB, Channel K အစရှိသော ရုပ်သံလိုင်းအများအပြားကို ထပ်မံတွေ့ရှိရမှာဖြစ်ပါတယ်။

ယခုနည်းလမ်းနှင့် ရုပ်သံလိုင်းများကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ကြပါတယ်။
 


 

Channel K App

ဒါ့အပြင် Android ဖုန်းများအတွက် Google Play Store မှာ “Channel K” အပလီကေးရှင်းကို ဒေါင်းလုပ်ရယူပြီးကြည့်ရှုနိုင်ပါတယ်။ Channel K ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်တယ်နော်..။


26 Apr 2018     3,758 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment