BEC-TERO TV

ကုသိုလ်လိုလို့ ညောင်ရေသွန်းပါတယ် အ,ကုသိုလ် အတုံးလိုက်ရခဲ့တယ်

30 Apr 2018     1,316 Views


ဗုဒ္ဓနေ့မှာ ကုသိုလ်ပြု ညောင်ရေသွန်းဖို့ ဘုရားကိုသွားခဲ့သူတစ်ဦး မထင်မှတ်ပဲ ညောင်ရေသွန်းတဲ့ ရေကိစ္စနဲ့ အမျိုးသမီးတစ်ဦးနဲ့ စကားများကာ အ,ကုသိုလ် အတုံးလိုက်ရခဲ့တဲ့ အကြောင်း ဗီဒီယိုဖိုင်နဲ့တစ်ကွ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မနက်က ညောင်ရေသွန်းဖို့ရွှေကျီးမြင်ဘုရားကိုသွားခဲ့တယ် ဘုရားဖူးပြီး လက်ယာရစ်တစ်ပတ်ပူဇော်နေတုန်း တောင်ဘက်မုခ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စကားများနေတာတွေ့ပါတယ် ဘာဖြစ်တာပါလိမ့် စူးစမ်းရင်း ရပ်ပြီးနားထောင်မိတော့ အမျိုးသားက ညောင်ရေသွန်းတယ် ရေပုံးတစ်ပုံးပေါ့။ သွန်းပြီး ပြန်ထွက်တော့ ပိုက်ဆံလိုက်တောင်းပါတယ်တဲ့ ရေတစ်ပုံး ၃၀၀ကျပ်ပါတဲ့ ဟိုလူက အနားရှိတဲ့အလှူခံပုံးမှာ ၃၀၀ထည့်ပါတယ်။ မိန်းမတစ်ယောက်က ပိုက်ဆံ ၃၀၀ ရှင်းပါတောင်းပါတယ် အလှူခံပုံးမှာထည့်ပြီးပြီ မပေးနိုင်ဘူး ပြောပါတယ်။ စကားများကြပါတယ် ရှေ့မှာ မတတ်နိုင်သူတွေရေသွန်းပြီးမှ ပိုက်ဆံတောင်းတာကို သိရတော့ ၂ ပုံး ၅၀၀ ထားပါ မပါတော့လို့ပါဆိုတာကို ကလေးမတွေက မရဘူးပြောတယ်တဲ့ ခင်ဗျားတို့ ဂေါပကနဲ့ လုပ်စားနေကြတယ် ပြောပါလေရော...

"ကျနော်က တတ်နိုင်တယ်ဒါပေမယ့် ခင်ဗျားတို့လုပ်စားနေတာအားမပေးဘူး မတတ်နိုင်သူတွေကိုပါ ဓားပြတိုက်နေသလိုပဲ" တဲ့ အမျိုးသမီးက "ကျမတို့ရတာလည်းဘုရားလှူတာပါ" တဲ့ "ဒါဆို ဘာလို့လာတောင်းနေတာလဲ ခုကျနော်လည်းဘုရားလှူပြီးပြီလေ" တဲ့ နောက်ဆုံးဂေါပက လူကြီးလာပြောမှ ပြီးသွားပါတယ် video ရိုက်တာ sd ကပြည့်နေတော့ အဆုံးထိမရိုက်လိုက်နိုင်ပါဘူး ဒါနဲ့ ရွှေကျီးမြင်မှာညောင်ရေမသွန်းဖြစ်တော့ဘူး ပြန်လာပြီး ဘုရားနီမှာညောင်ရေသွန်းဖြစ်ပါတယ် တကယ်တော့ သူပြောတာလည်းမှန်ပါတယ်။


ကရင်ပြည်နယ် သံတောင်က နော်ဘူဘောတောင် ခရစ်ယာန်ဘုရားကျောင်းမှာ ဆိုင်ကယ်အပ်ခမပေးရပါဘူး ဆိုက်ကယ်မှာ ထားခဲ့တဲ့ဦးထုပ် ပစ္စည်းတွေလည်းမပျောက်ပါဘူး သန့်စင်ခန်းလည်းအခမဲ့ပါ။
တောင်ငူမှာ ဘုရားတွေဖူးတော့ ဘုရားတစ်ဆူဝင်ဖူးတိုင်း ဆိုင်ကယ်အပ်ခ၂၀၀ ပါ ဆယ်ဆူလောက်တပြိုင်တည်းဖူးတော့ ၂၀၀၀ လောက်ထွက်သွားပါတယ် ကုန်တာကိုမနှမြောပါဘူး မတတ်နိုင်သူတွေ ဘုရားဖူးဖို့တောင်မလွယ်တဲ့အနေအထားပါ။

ဘုရားနီဘုရားမှာတော့ ညောင်ရေသွန်းတာ စိတ်ကြိုက်သွန်းနိုင်ပါတယ် ရေဖိုးက သဒ္ဒါကြေးပါ အလှူခံပုံးလေးချိတ်ပေးထားပါတယ် တတ်နိုင်သူလှူပေါ့ မတတ်နိုင်သူမလှူလည်း ရပါတယ် ဖိနပ်အပ်တာလည်း ထို့အတူပါပဲ အလှူခံပုံး ချထားပါတယ် တတ်နိုင်သူကတော့ အလှူခံပုံးမှာ ၅၀၀၀တန်ထည့်တာလည်းတွေ့ဖူးပါတယ် ဘုရားတွေမှာ အဲ့လိုလေးဖြစ်စေလိုပါတယ်။
တခြားဘာသာတွေ အမြင်တင်မဟုတ်ပါဘူး ကိုယ့်အမြင်မှာပါ ဂေါပကတွေလုပ်စားနေသလားတွေးမိဖူးပါတယ် နည်းနည်းတော့ အကုသိုလ်များသလိုပါပဲ မတတ်နိုင်ပါဘူး ကိုယ့်အမြင်မှာတော့ ရုပ်ဆိုးနေသလိုပါပဲ။

လို့ ThuThuKo ရဲ့ အကောင့်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။


30 Apr 2018     1,316 Views




RELATED

Most Popular of Special or Others

Most Popular of NEWS