လေးဆယ်ကျော်ပုရိသတွေရဲ့ စိတ်ကို တဖန်ပြန်လှုပ်နှိုးလိုက်သူ
30 Apr 2018 1,770 Views

တစ်ချိန်တုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ တီဗီဂိမ်း "Street Fighters" ရဲ့ ကွန်ဖူးမင်းသမီးလေး ချွန်းလီရဲ့ ပုံစံအတိုင်း ဝတ်စားထားတဲ့တဲ့ ဂျပန်မလေးရဲ့ ဓါတ်ပုံဟာ အသက်လေးဆယ်ကျော် ဘီးကျဲတွေရဲ့ ငယ်မူငယ်သွေးစိတ်ကို ပြန်လှုပ်နှိုးနိုင်ခဲ့ပြီး အွန်လိုင်းပေါ်မှာ အလျင်အမြန်ပဲပျံ့နှံ့ခဲ့ပါတယ်။
အခုအချိန်မှာဆိုရင် အသက် ၄၀ ဝန်းကျင်အရွယ်ရှိနေကြပြီဖြစ်တဲ့ Street Fighters ပရိသတ်ကြီးအတွက် သူမရဲ့ ဓါတ်ပုံဟာ ငယ်ဘဝတွေကို လွမ်းဆွတ်သွားစေပြီး Street Fighters ဂိမ်းကို ပြန်ဆော့ချင်စိတ်ပေါက်လောက်အောင် ဖြစ်ခဲ့ပါတယ်။
"Reika Saiki" ဟာ ပရဗ်ာဖက်ရှင်နယ် နပမ်းသမားလည်း ဖြစ်သလို ချံပီယံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အားကစားခန်းမတစ်ခုရဲ့ နည်းပြဆရာမတစ်ဦးလည်းဖြစ်ပါတယ်။ Street Fighters မင်းသမီးလေး ချွန်းလီရဲ့ ဝတ်စုံဒီဇိုင်းလို အပြာရောင် အဝတ်အစားဝတ်ဆင်ထားပေးမယ့် လက်ကောက်တွေအစား အလေးချိန် ၁ ကီလိုလောက် လေးတဲ့ အလေးတုံးတွေ ပတ်ထားတာကို သတိပြုမိပါလိမ့်မယ်။
ဂိမ်းထဲက ချွန်လီက သွယ်သွယ်လျလျခန္ဓာကိုယ်ဖြစ်ပေမယ့် "Saiki" ကတော့ တုတ်ခိုင်တဲ့ လက်မောင်းနဲ့ ပေါက်လုံးကြီးတွေကြောင့် သူ့ရဲ့ ဓါတ်ပုံတွေဟာ အလျင်အမြန်ပျံ့နှံ့ပြီး နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
မိတ်ဆွေကော သူ့ကိုကြည့်ပြီး Street Fighters ကစားချင်စိတ် ပြန်မပေါက်သွားဖူးလား..?