ဘေကျင်းကားပြပွဲတွင် လျှပ်စစ်ကားများ ကြီးစိုးနေ
02 May 2018 1,736 Views
တရုပ်နိုင်ငံ ဘေကျင်းမြို့မှာ ကျင်းပလျှက်ရှိတဲ့ ကားပြပွဲမှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့သင့်လျှော်တဲ့ လျှပ်စစ်ကားတွေ အပြိုင်အဆိုင်ပြသနေပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် လျှပ်စစ်ကားများ အပြိုင်အဆိုင် ထုတ်လုပ်မှုကို တရုပ်က ဦးဆောင်နေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ကားထုတ်လုပ်သူတွေအနေနဲ့လည်း တရုပ်နိုင်ငံဟာ ကြီးမားတဲ့ ကားဈေးကွက်ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။
အဆိုပါကားပြပွဲမှာ လျှပ်စစ်ကား စီးရေ ၁၇၄ စီးပြသထားပြီး ၆၀% ကျော်က တရုပ်အမှတ်တံဆိပ်တွေဖြစ်ပါတာ်။ တရုပ်အစိုးရကလည်း လျှပ်စစ်ကားထုတ်လုပ်မှုကို အားပေးလျှာက်ရှိကြောင်း သိရှိရသည်။







