အရက်မူးနေသော အမျိုးသမီးတစ်ဦး အမြန်ရထားကြိတ်ခံရ
03 May 2018 1,825 Views

ရေမြို့ ဘူတာအနီးတွင် အရက်မူးနေသော အမျိုးသမီးတစ်ဦးအား ရထားတက်ကြိတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု မေလ (၁) ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မေလ (၁)ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အောင်မေတ္တာရပ်ကွက်နေသူ အသက် (၂၈ နှစ်)အရွယ် မလှလှမြင့်ဆိုသူသည် ရေးဘူတာအဝင် လမ်းကူးဂိတ်အနီး ရထားသံလမ်း နှစ်ခုအကြားတွင် အရက်မူးပြီး အိပ်ပျော်နေခဲ့ရာ မော်လမြိုင်မြို့မှ ရေးမြို့သို့ ထွက်ခွာလာသော အမှတ် (၁၇၁) အဆန်ရထားက တက်ကြိတ်ခဲ့သဖြင့် ဘယ်ဘက် လက်ကောက်ဝတ်ပြတ်၊ ညာဘက် လက်ချောင်း (၄)ချောင်း ပြတ်သွားခဲ့သည်။

ရထားကြိတ်ခံရသော မလှလှမြင့် အား ရေးမြို့နယ် လူမှုကူညီရေးအသင်းမှ ရေးပြည်သူဆေးရုံသို့ ပိုင့်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - Aung Tin Ko Ko







