BEC-TERO TV

မြွေဆိပ်ဖြေရန် အရှင်လတ်လတ် နွားချေးနဲ့ဖို့ခံရသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး

03 May 2018     1,696 Views


အိန္ဒိယနိုင်ငံ ကျေးလက်တောရွာတစ်ရွာရှိ အမျိုးသမီးတစ်ဦးဟာ မြွေကိုက်ဒဏ်ရာကို ရိုးရာနည်းဖြင့် ကုသရင်း အရှင်လတ်လတ် မြေမြုတ်ခံရပြီး နွားချေး(​နောက်ချီး) မွန်း အသက်ရှုကြပ်ကာ သေဆုံးခဲ့သည်။

Devendri ဆိုသော အမျိုးသမီးမှာ တောထဲ၌ ထင်းလိုက်ကောက်ရင်း သူမ၏လက် မြွေကိုက်ခံခဲ့ရသည်။ ဒါကို သူမရဲ့ခင်ပွန်းဖြစ်သူ Mukesh က ရွာထဲမှာရှိတဲ့ မြွေဆရာနဲ့ ကုသရန် အကြံပေးခဲ့သည်။

မြွေဆရာက မြွေဆိပ်ကုသရန် လင်မယားနှစ်ဦးရဲ့ သဘောတူညီချက်ကို ရယူကာ ချက်ခြင်းစီမံခဲ့သည်။ သူ့ရဲ့နည်းလမ်းကတော့ နွားချေဟာ မြွေဆိပ်ကို စုပ်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပြီး မြွေကိုက်ခံရသူ အမျိုးသမီးကို မြေပြင်ပေါ်မှာ လှဲနေစေကာ အပေါ်မှနေ၍ တစ်ကိုယ်လုံးကို နောက်ချေးများနဲ့ ဖို့ပြီးမံခဲ့သည်။ ပြိးနောက်လူအများက ဂါထာမန္တန်များ ရွတ်ဖတ်ခဲ့ကြသည်။


အမျိုးသမီးဟာ နောက်ချေးပုံအောက်မှာ ၇၅ မိနစ်ခန့် အရှင်လတ်လတ် မြုတ်ခံခဲ့ရပြီးနောက် ပြန်ဖော်ခဲ့သည့်အချိန်မှာတော့ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရပါတယ်။


ခင်ပွန်းဖြစ်သူဟာ ဘာကြောင့် ဒီနည်းက အလုပ်မဖြစ်တာလဲဆိုတာ မသိသလို ဇနီးသည်ကိုလည်း သေသွားခဲ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။
မြွေဆရာကတော့ သူ့ရဲ့နည်းလမ်းဟာ မအောင်မြင်ဘူးဆိုတာ လူတစ်ယောက်အသက်ဆုံးခဲ့ပြီးမှ သိသွားခဲ့ပါတယ်။

မြွေဆရာ

 

အမျိုးသမီးဟာ သားသမီး ၄ ဦးရဲ့ မိခင်ဖြစ်ပြီး အခုချိန်မှာ ကလေးတွေက မိခင်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။


သားသမီးများ

သေဆုံးသူ၏ခင်ပွန်း


03 May 2018     1,696 Views




RELATED

Most Popular of Special or Others

Most Popular of NEWS