ဖားကန့်တွင်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိ
04 May 2018 1,688 Views

မေလ ၄ ရက်နေ့ နံနက်စောစောပိုင်း ၃ နာရီဝန်းကျင်အချိန်ခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူအုပ်စု ဝှေခါရွာရှိ ကျင်းမောက်တောင် ပြိုကျခဲ့မှုကြောင့် သေဆုံးခဲ့သူ ၁၀၀ ခန့်ရှိနိုင်ကြောင်း သိရှိရသည်။




လက်ရှိတွင် တောင်ပြိုမြေစာပုံများကြားမှ သေဆုံးသူ အလောင်း (၇)လောင်းသာ တူးဖော်တွေ့ရှိရပြီး ကျန်အလောင်းများကို ဝှေခါ လူမှု့ကူညီရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်အဖွဲ့၊ နယ်မြေခံတပ်ရင်းအဖွဲ့၊ NLD အဖွဲ့၊ ဆိပ်မူ သင်္ခါလူမှု့ကူညီရေးအဖွဲ့တို့မှ ပူးပေါင်းကာ ဆက်လက်ရှာဖွေ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - ငြိမ်းစစ်နိုင်(ဖားကန့်)







