BEC-TERO TV

မျက်နှာကို တံတွေးနဲ့ ပြန်ထွေးခိုင်းတဲ့ မူလတန်းပြဆရာမ အလုပ်ထုတ်ခံရ

04 May 2018     1,443 Views


မူလတန်းပြ ဆရာမတစ်ဦးဟာ ကျောင်းသား ကလေးငယ်တွေကို အနိုင်ကျင့်ခံရတဲ့အခါ ငြိမ်မနေပဲ ချက်ချင်း လက်တုံ့ပြန်တတ်စေဖို့ ရိုင်းစိုင်းတဲ့ အပြုအမူကို စေခိုင်းခဲ့တဲ့အတွက် ကျောင်းဆရာမအဖြစ်မှ ရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။

ကျောင်းမှာ ကောင်လေးတစ်ယောက်က အခြားကျောင်းသူ ကောင်မလေးအား တံတွေးနဲ့ထွေးတာကို လက်ပူးလက်ကြပ်မိခဲ့ပြီးနောက် “Zhang” ဟု အမည်ရတဲ့ ဆရာမက ကျောင်းသား ကျောင်းသူများ အားလုံးကို ဝန်းရံစေပြီး အလယ်တွင် တံတွေးဖြင့် ထွေးသော ကောင်လေးနဲ့ ကောင်မလေးကို မတ်တပ်ရပ်နေစေခဲ့သည်။

ပြီးနောက် ဆရာမက ကောင်မလေးအား ကောင်လေးကို တံတွေးနဲ့ ပြန်ထွေးပြီး လက်တုံ့ပြန်ရန် အမိန့်ပေးညွှန်ကြားခဲ့ပြီး အခြားကလေးများကလည်း ဝိုင်းဝန်း လက်ခုပ်တီးကြသည်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ ဝမ်းနည်းပက်လက်နဲ့ ငိုကြွေးခဲ့ပါတယ်။

ကောင်းလေးက အိမ်ပြန်ရောက်တဲ့အခါ မိဘတွေကို တိုင်ကြားခဲ့တဲ့အတွက် မိဘတွေက သက်ဆိုင်ရာပညာရေးဌါနကို သွားရောက်တိုင်ကြားခဲ့ပါတယ်။
ကျောင်းမှာတပ်ထားတဲ့ စီစီတီဗီကို ပြန်လည်စစ်ဆေးခဲ့ပြီး ဖြစ်စဉ် အစအဆုံးကို တွေ့ရတဲ့အခါမှာတော့ “Zhang” ကို ဆရာမအလုပ်မှ ရပ်နားခဲ့ပါတယ်။


“Zhang” ကတော့ သူမရဲ့လုပ်ရပ်ဟာ ကလေးတွေကို ကိုယ်ချင်းစာနားလည်တတ်အောင် သွန်သင်ပေးတာဖြစ်ပြီး တံတွေးနဲ့ တစ်ကယ်ထွေးခိုင်းခဲ့တာ မဟုတ်ပဲ အမူအယာမျှသာ သရုပ်ဆောင်ခိုင်းခဲ့ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

ကလေးရဲ့မိဘတွေကတော့ “Zhang” ကို အလုပ်ထုတ်လိုက်ရုံနဲ့ မကျေနပ်နိုင်သေးပဲ မူလတန်းကျောင်းကိုပါ တရားစွဲခဲ့ပါတယ်။
 


04 May 2018     1,443 Views




RELATED

Most Popular of Special or Others

Most Popular of NEWS