BEC-TERO TV

အိုသွေးပိုင်ရှင်များ ပြင်းထန်းစွာ ဒဏ်ရာရပါက သေဆုံးနိုင်ခြေမြင့်

07 May 2018     2,580 Views


ပြင်းထန်စွာ ဒဏ်ရာရသူအချင်းခြင်းတွင် “အို”သွေးပိုင်ရှင်များက အသက်ဆုံရှုံးရန် အခြေအေနေပိုများကြောင်း အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနေရသော အဖွဲ့၏ လေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။
 
၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ဂျပန်နိုင်ငံတွင် လေ့လာစမ်းစစ်မှုအရ အပြင်အထန်ဝေဒနာခံစားရမှုကြောင့် သေဆုံးမှုနှုန်းမှာ “အို”သွေးပိုင်ရှင်က ၂၈% ရှိပြီး အခြား သွေးအမျိုးအစား အားလုံးပေါင်းက ၁၁% သာရှိကြောင်းတိုကျိုဆေးသိပ္ပံနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ဝါတူရူး တာကာရာမာက ပြောကြားခဲ့သည်။
 
“အို”သွေးဟာ သွေးခဲနိုင်တဲ့နှုန်း နိမ့်တဲ့အတွက် အိုသွေးပိုင်ရှင်တွေ အသေအပျောက်နှုန်း မှားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို စမ်းစစ်ချက်မှာ ဂျပန်နိုင်ငံတစ်ခုထဲမှာသာ ဆန်းစစ်ထားတာကြောင့် နိုင်ငံများအလိုက်၊ လူဦးရေထူထပ်မှုအလိုက်  အခြားနိုင်ငံတွေမှာပါ စမ်သပ်မှုတွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 


07 May 2018     2,580 Views




RELATED

Most Popular of Health Fix

Most Popular of Life Style