BEC-TERO TV

တက္ကစီကိုအွန်လိုင်းက ငှားစီးလေ့ရှိသူတွေ သတိထား

08 May 2018     1,488 Views


ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းအသုံးပြုထားတဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ဆန်းသစ်တီထွင်လာကြပါတယ်။ အဲဒီအထဲမှာ ကားအငှားလုပ်ငန်း (တက္ကစီ)တွေလဲ ရှိလာပါတယ်။

ဒီလိုအွန်လိုင်း တက္ကစီအငှား ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို့မှာ လူအသုံးများလာကြပါပြီ။ လုံခြုံစိတ်ချမှုနဲ့ ဈေးဆစ်တဲ့ကိစ္စတွေ မရှိတော့တာကြောင့် အတော်လေး အဆင်ပြေတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ကုမ္ပဏီဝန်ဆောင်မှုက ဘယ်လောက်ကောင်းကောင်း အငှားယာဉ်မောင်းရဲ့ စရိုက်သဘာဝကိုလည်း အကဲခတ်ဖို့ လိုပါတယ်။
တရုပ်နိုင်ငံ ဂွမ်ဒေါင်းမြို့မှာ အွန်လိုင်းတက္ကစီ Didi Chuxing ကားမောင်းသူက ခရီးသည်ကို လမ်းလယ်ကောင်မှာ ဓားနဲ့ခုတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။


ဖြစ်စဉ်ကတော့ ခရီးသည်က တက္ကစီသမားရဲ့ ဝန်ဆောင်မှုကို မကျေနပ်တဲ့အတွက် တက္ကစီငှားတဲ့ အပလီကေးရှင်းထဲမှာ မကောင်းကြောင်း၊ ညံကြောင်း ကွန်မန့်တွေ ရေးခဲ့တာပါ။ ဒါကို တက္ကစီဆရာက တွေ့ပြီး ဒီကွန်မန့်တွေကို ပြန်မဖျက်ပါက ဓားနဲ့ခုတ်မည်ဟု ဓားကိုင်ကာ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အွန်လိုင်းတက္ကစီငှားစီးတဲ့အခါမှာလည်း သတိလေးတော့ ထားသင့်ပါတယ်။
 


08 May 2018     1,488 Views




RELATED

Most Popular of Special or Others

Most Popular of NEWS