BEC-TERO TV

ငှက်ကြီးတောင်ဓါးဖြင့် လိုက်ခုတ်သူကို ရဲအဖွဲ့က ပစ်ခတ်ဖမ်းဆီး

09 May 2018     2,710 Views


ပြည်မြို့ ရွှေဆံတော်ဘုရားအနီး ထမင်းဆိုင်တစ်ဆိုင်တွင် ငှက်ကြီးတောင်ဓါးကိုင်ဆောင်ပြီး ဆိုရှင်နှင့် စားသုံးသူများကို နေ့စဉ်မိုက်ကြေးခွဲနေသော ရာဇဝင်လူမိုက်ကို ရဲအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့မှုတစ်ခု မေလ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။


ဖြစ်စဉ်မှာ ပြည်မြို့တွင် ရာဇဝင်လူဆိုးစာရင်းဝင် ကျွဲကြီး၏ သားဖြစ်သူက ကျွဲပေါက် ဆိုသူက ဖခင်၏ခြေရာအတိုင်း လူဆိုးဘွဲ့ ဆက်လက်ခံယူရင်း ဓါးခုတ်မှုတစ်ခုနှင့် ထောင် ၃ နှစ်ကျသွားခဲ့သည်။
ယခုအခါ ထောင်မှပြန်လည်လွတ်မြောက်လာပြီး ရွှေဆံတော်ဘုရားအနီးရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ငှက်ကြီးတောင်ဓါးကိုင်ကာ နေတိုင်းလာရောက် စားသောက်နေပြီး ပိုက်ဆံမရှင်းသည့်အပြင် ဆိုင်ရှင်နှင့် စားသုံးသူများထံမှ မိုက်ကြေးခွဲ ခြိမ်းခြောက်ငွေတောင်းယူနေမှုများ ပြုလုပ်နေသဖြင့် ဆိုရှင်မှ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။


နယ်ထိန်းရဲတပ်ဖွဲ့မှ စောင့်ကြည့်ပြီးနောက် ဖမ်းဆီးခဲ့ရာ အသွား ၂ ပေ၊ အရိုး ၈ လက္မရှိသော ငှက်ကြီးတောင်ဓါးနဲ့ ပြန်လည်ခုခံ ခုတ်ပိုင်းရန် ရဲတပ်ဖွဲ့ထံ ပြေးလာသဖြင့် အလျင်အမြန် ပလပ်စတစ်ကျည် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။


ဒဏ်ရာရရှိသွားသူ ကျွဲပေါက်အား ပြည်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားပြီး ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
 


09 May 2018     2,710 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS