BEC-TERO TV

ဝက်ဝံတစ်ကောင်နဲ့ ဆယ်လ်ဖီရိုက်ရန်ကြိုးစာသူ အသက်ပေးခဲ့ရ

09 May 2018     1,673 Views


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အမျိုးသားတစ်ဦးဟာ ဝက်ဝံတစ်ကောင်နဲ့ အမှတ်တရ ဓါတ်ပုံရိုက်ကူးရန် ကြိုးစားစဉ် ဝက်ဝံရဲ့ တိုက်ခိုက်တာခံရပြီး သေဆုံးသွားခဲ့ပါတယ်။

Prabhu Bhatara အမျိုးသားတစ်ဦးဟာ မင်္ဂလာဆောင်မှ အိမ်သို့ ကားမောင်းပြီး ပြန်လာစဉ် လမ်း၌ အပေါ့သွားချင်လာသဖြင့် ခတ္တရပ်ကာ အပေါ့စွန့်ခဲ့သည်။ ထိုအချိန်မှာ မထင်မှတ်ပဲ ဝက်ဝံတစ်ကောင်ကို တွေ့ခဲ့တာကြောင့် အမှတ်တရဓါတ်ပုံ ဆယ်လ်ဖီရိုက်ရန် အကြံရခဲ့ပါတယ်။

ဆယ်လ်ဖီရိုက်ရန် ကြိုးစားချိန်မှာ အမှတ်မထင် ကုန်းစောင်းပေါ်မှ ခြေချော်ကျခဲ့ပြီး ဝက်ဝံရဲ့ရှေ့ မှောက်လျက်လဲခဲ့ပါတယ်။ ဝက်ဝံက သူ့ကို ကုတ်ဖဲ့နေတဲ့အချိန်မှာ အခြားရွာသားတွေရောက်လာပြီး ဝက်ဝံကို အဝေးကနေ ခဲများနဲ့ ပစ်ပြီး ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Bhatara ဟာ ဝက်ဝံရဲ့ လက်ထဲမှာ နှစ်နာရီနီးပါး လွတ်မြောက်ရန် ရုန်းကန်ရင်း သေဆုံးခဲ့ရပါတယ်။ သစ်တောအာဏာပိုင်တွေက နောက်ကျမှရောက်လာပြီး ဝက်ဝံကို မေ့ဆေးသေနတ်နဲ့ ပစ်ခဲ့ပြီးမှ Bhatara ရဲ့ အလောင်းကို ပြန်ကောက်နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။
 


09 May 2018     1,673 Views




RELATED

Most Popular of Special or Others

Most Popular of NEWS