BEC-TERO TV

ရှော့ပင်းမော အိမ်သာနံရံ အတွင်းထဲတွင် လူသေအလောင်းတွေ့ရှိ

09 May 2018     1,671 Views


ကနေဒါနိုင်ငံက “Calgary” ဈေးဝယ်စင်တာက အိမ်သာနံရံထဲမှာ အမျိုးသား အလောင်းတစ်လောင်းကို တနင်္လာနေ့က ထူးဆန်းစွာ တွေ့ရှိခဲ့တာကြောင့် ရဲအဖွဲ့ဝင်များ အကြောင်းရင်းကို စဉ်းစားရ ကြပ်နေပါတယ်။

ဖြစ်စဉ်မှာ တနင်လာနေ့ နံနက်ပိုင်းက အဆိုပါရှော့ပင်းမောလ်၏ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းက လေးလွှာမှာရှိတဲ့ အိမ်သာပျက်နေသဖြင့် ပြင်ဆင်ပေးရန် အကြောင်းကြားလာသဖြင့် သွားရောက်ခဲ့သည်။


အိမ်သာကို ပြင်ဆင်ရန် အိမ်သာနောက်ဘက်ရှိ နံရံကိုဖြုတ်ခဲ့ရာ အံ့သြထိတ်လန့်စွာနဲ့ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။ သက်ဆိုင်ရာရဲအဖွဲ့ ရောက်ရှိလာပြီး အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားကာ မူခင်းဆရာဝန်များက စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။


ရဲအဖွဲ့၏ ကောက်ချက်အရ သေဆုံးသူမှာ လေဝင်လေထွက်ပေါက်နေရာမှ တွယ်တက်ရန်ကြိုးစားရန် အပေါ်မှ လျောကျကာ ညပ်ပြီးသေဆုံးခဲ့တယ်လို့ ထင်ကြေးပေးထားပါတယ်။
အလောင်းဟာ ဘယ်အချိန်ထဲက သေဆုံးခဲ့ပြီး ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို မှုခင်းဆေးစစ်ချက် အဖြေကို စောင့်ဆိုင်းလျှက်ရှိသည်။
 


09 May 2018     1,671 Views




RELATED

Most Popular of Special or Others

Most Popular of NEWS