ချော့ကလက်တွေနဲ့ ပြည့်လျှံသွားတဲ့ ဟိုင်းဝေးလမ်းမကြီး
10 May 2018 1,777 Views
နို့ချော့ကလက်ရည်တွေ အပြည့်တင်ဆောင်လာတဲ့ တွဲကားကြီးတစ်စီး တိမ်းမှောက်မှုကြောင့် ကားလမ်းမကြီးတစ်ခုလုံး ချော့ကလက်ရည်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

တွဲကားကြီးလိမ့်ထွက် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူဟာ စိုးရိမ်ရတဲ့ဒဏ်ရာများရရှိခဲပါတယ်။ တန် ၂၀ လောက်ရှိတဲ့ ချော့ကလက်အရည်တွေဟာ လမ်းမကြီးပေါ်မှာ ခဲနေပြီး ဒါတွေကို ရှင်းလင်းရတာဟာ ရေခဲနဲ့ နှင်းတွေကို ဖယ်ရှားရတာထက်ပိုခက်တယ်လို့ မီးသတ်အဖွဲ့က ဆိုပါတယ်။

ချော့ကလက်အရည်တွေဟာ ပိုလန်နိုင်ငံရဲ့ အဓိကလမ်းမကြီးတစ်မှာ ပိတ်ဖုံးခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။
ချော့ကလက်တွဲကားကြီး ဘယ်လိုကြောင့် တိမ်းမှောက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို မသိရှိသေးကြောင်း ရဲအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Marlena Kukawska က ပြောပါတယ်။
ဒါတွေကိုဖယ်ရှားဖို့ ရေနွေးကို အသုံးပြုရမှာဖြစ်ပြီး နာရီအတော်ကြာ ကြာမြင့်လိမ့်မယ်လို့ မီးသတ်အဖွဲ့က ဆိုပါတယ်။ ယာဉ်မောင်းကိုတော့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြပါတယ်။







