BEC-TERO TV

ဖြည့်စွက်အစားအစာအာဟာရဓာတ်များအကြောင်းသိကောင်းစရာ

23 Jul 2015     1,420 Views


အခုခေတ်လူတွေကတစ်နေ့ကို၁ဝနာရီထက်ပိုပြီးတော့အလုပ်တွေလုပ်လာကြပါတယ်။အဲ့အခါမှာအိပ်ချိန်ဟယပုံမှန်မဟုတ်တော့ပါဘူး။အစားအသောက်နဲ့ပတ်သတ်ရင်လည်းမမှန်တော့ပါဘူး။အစားအစာအလွန်အကျွံစားခြင်း၊စားတဲ့အစားအစာတွေမှာလည်းအာဟာရဓာတ်လုံလုံလောက်လောက်မပါရှိတာတွေကို တွေ့ရတက်ပါတယ်။
 
အလုပ်ချိန်အတွင်းမှာ ကော်ဖီအလွန်အကျွံသောက်သုံးခြင်း၊မိမိကိုယ် မိမိအချိန်မပေးတော့ခြင်း၊စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာစိတ်နဲ့ပတ်သတ်ပြီးတော့ကျန်းမာရေးထိခိုက်မှုတွေကိုကြုံလာရပါတယ်။အစားအစာစားတဲ့အခါမှာအစာအုပ်စုကြီး ၅အုပ်စုကိုပါဝင်အောင်စားဖို့လိုအပ်ပါတယ်။ဂျုံနဲ့ပြုလုပ်တဲ့အစားအစာတွေကိုတစ်ခါတစ်ရံမှစားသုံးပေးရပါမယ်။
 
ထမင်းကိုတော့အဓိကအားထားပြီးတော့စားဖို့လိုအပ်ပါတယ်။အဆီဓာတ်နည်းနည်းပါဝင်တဲ့သား ၊ ငါး၊ ဥ ၊ကောက်ပဲသီးနှံတွေကိုစားပေးဖို့လိုအပ်ပါတယ်။အသက်အရွယ်နဲ့အလိုက်နို့တွေသောက်သုံးပေးဖို့လိုအပ်ပါတယ်။အချိုဓာတ်၊ အငံဓာတ်၊တွေများတဲ့အစားအစားတွေကိုရှောင်ကြဉ်သင့်ပါတယ်။အရက်နဲ့ပြုလုပ်ထားတဲ့အစားအစာတွေကိုလည်းအဓိကထားရှောင်ကြဉ်သင့်ပါတယ်။သန့်ရှင်းတဲ့အစားအစာ၊ဓာတုဆေးဝါး လုံးဝမပါတဲ့အစားအစာတွေကိုသာစားသုံးသင့်ပါတယ်။
 
လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်း၊အိပ်ရေးဝဝအိပ်ပေးခြင်း၊စိတ်ဖိစီးမှုတွေကိုလျော့ချပေးခြင်း၊လေထုညစ်ညမ်းခြင်းတို့ကိုရှောင်ကြဉ်ခြင်းတို့ကလည်းအရေးကြီးပါတယ်။ဖြည့်စွက်အစာစားတဲ့အခါမှာလည်းအမျိုးအစားကိုသေချာရွေးဖို့လိုအပ်ပါတယ်။မိမိခန္ဓာကိုယ်၊ အသက်အရွယ် နဲ့ကိုက်ညီတဲ့ဖြည့်စွက်အစာကိုသေချာရွေးပေးရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ညွန်ကြားတဲ့အတိုင်းဖြည့်စွက်စာကိုရွေးချယ်သောက်သုံးသင့်ပါတယ်။
 
ဖြည့်စွက်အစားအစာတွေဆိုတာရောဂါကိုပျောက်ကင်းအောင်ကုသတဲ့ဟာမျိုးမဟုတ်ပါဘူး ရောဂါမဖြစ်အောင်ကာကွယ်ခြင်း၊ ခန္ဓာကိုယ်မှာရှိတဲ့ခုခံအားတွေကိုတိုးတက်လာအောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။
 
ဖြည့်စွက်အစာတွေကို ဆေးအတောင့်ပုံစံ၊ ဆေးအလုံးပုံစံ၊ဆေးအမှုန်ပုံစံ နဲ့တွေ့ရပါတယ်။ ဖြည့်စွက်စာတွေကိုသောက်သုံးတဲ့အခါမှာအစာနဲ့တွဲပြီးသောက်သုံးဖို့လိုအပ်ပါတယ်။အစားစားပြီးမှသောက်သုံးရတဲ့ဆေးမျိုးမဟုတ်ပါဘူး။နှမ်းမှာပါတဲ့ဓာတ်မှာဆိုရင် ခုခံအားကိုတိုးမြင့်စေတယ်၊စိတ်ဖိစီးမှုတွေကိုလျော့ချပေးတယ်။
 
ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့အတွက်အစားစားတဲ့အခါမှာအစာအုပ်စုကြီး ၅စုပါဝင်အောင်စားပေးရပါမယ်။အိပ်ရေးဝဝအိပ်ရမယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးရမယ်။စိတ်ဖိစီးမှုတွေကိုလည်းလျော့ချပေးရပါမယ်။ထိုမှသာ မိမိတို့ရဲ့ဦးနှောက်ကဖွံ့ဖြိုးပြီးတော့မှကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

23 Jul 2015     1,420 Views




RELATED

Most Popular of Health Fix

Most Popular of Life Style