BEC-TERO TV

အပြုံးတုတွေ သတိထား..

11 May 2018     1,415 Views


အသက်မပါ(စိတ်မပါ)တဲ့ အပြုံးတုတွေနဲ့ ဧည့်ခံကြိုဆိုနေကြတဲ့ အမျိုးသမီးငယ်နှစ်ဦးရဲ့ ဗီဒီယိုဖိုင် အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဝိုင်းဝန်းလှောင်ပြောင် ဝေဖန်ပြောဆိုမှုတွေကြောင့် အဆိုပါ ဧည့်ခံကြိုဆိုရေး အမျိုးသမီးငယ် နှစ်ဦး အလုပ်ထုတ်ခံလိုက်ရပါတယ်။


အဖြစ်ပျက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒိုမောင်းလေဆိပ်မှာ ဧည့်သည်တွေကိ ပန်းကုံးစွပ်ပြီး ကြိုဆိုပေးရတဲ့ အမျိုးသမီးငယ်နှစ်ဦးဟာ ပန်းကုံးစွပ် ဓါတ်ပံဒရိုက်နေချိန်သာ ပြုံးပြပြီး တစ်ဖက်လှည့်သွားတာနဲ့ မျက်နှာသေ၊ မျက်နှာထားတင်းဖြစ်သွားတဲ့ ပုံစံကြောင့် လှောင်ပြောင် ကဲ့ရဲ့ခံရတာဖြစ်ပါတယ်။


အဲဒီအကျိုးဆက်ကြောင့် သူတို့နှစ်ဦးစလုံးဟာ အလုပ်ကနေ ရပ်နားခံလိုက်ရပါတယ်။ အခုလို အလားတူ အဖြစ်ပျက်မျိုး​တွေကို မြန်မာပြည်ထဲက ကုန်တိုက်ကြီးတွေ အရောင်းဆိုင်ကြီးတွေမှာလဲ မကြာခဏတွေ့ရတတ်ပါတယ်။ အချို့ဆိုရင် Customer က ဆိုင်ထဲက ထွက်သွားရုံရှိသေးတယ် ချက်ခြင်းဆိုသလို အတင်းချတတ်ကြပါတယ်။

ဒါကြောင့် မိမိလုပ်ကိုင်နေတဲ့ အလုပ်အပေါ် စိတ်ကောင်းစေတနာကောင်းနဲ့ ရင်ထဲကလာတဲ့ အပြုံးမျိုးလေး အမြဲဆောင်ထားနိုင်ရင် အကောင်းဆုံးပါ။ မပြုံးတတ်ရင် ပြုံးအောင်ကျင့်လို့ရတဲ့ နည်းလေးကို စမ်းသပ်ကြည့်လိုက်နော်။
 


11 May 2018     1,415 Views




RELATED

Most Popular of Special or Others

Most Popular of NEWS