BEC-TERO TV

အိပ်နေစဉ်လှုပ်လို့မရခြင်းအကြောင်း

23 Jul 2015     1,565 Views


အိပ်ရာကနိုးလာတဲ့အချိန်ရုတ်တရပ် လှုပ်လို့မရဘူး၊စကားပြောလို့မရဘူး အဲ့အပေါ်မှာကိုယ်ကကြောင့်လန့်သွားတာတွေလည်းဖြစ်တက်ပါတယ်။ဒါကိုတော့တစ်ချို့လည်းရုတ်တရပ် ခဏဖြစ်ပြီးတော့ အားနည်းပြီးတော့ ပြန်ကောင်းသွားတာမျိုးရှိတက်ပါတယ်။အိပ်ငိုက်ရောဂါရှိတဲ့သူတွေနဲ့ဆက်စပ်ပါတယ်။
 
တစ်ခါတစ်လေမှာခေါင်းတစ်ခြမ်းကိ်ုက်ရောဂါဖြစ်တဲ့သူတွေနဲ့လည်းဆက်စပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့သူတွေမှာလည်းဒီရောဂါဖြစ်တာကိုတွေ့ရှိရပါတယ်။ငယ်ရွယ်တဲ့သူတွေနဲ့ အရွယ်ရောက်ပြီးသားသူတွေမှာအဖြစ်များတာကိုတွေ့ရှိရပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေ၊အိပ်ငိုက်ချင်တဲ့ရောဂါရှိတဲ့သူတွေမှာလည်းရောဂါဖြစ်ဖို့အခွင့်အလမ်းတွေများပါတယ်။
 
မိသားစုဝင်ထဲမှာ ဒီရောဂါဖြစ်တဲ့သူရှိတယ်ဆိုရင်လည်း ဒီရောဂါဖြစ်ဖို့အခွင့်အလမ်းများပါတယ်။အဲ့လိုဖြစ်တဲ့အခါမှာဆိုရင်အနည်းငယ်လန့်သွားတက်ပါတယ်။စိတ်လှုပ်ရှားတယ်၊အိပ်နေရင်းနဲ့မောပန်းလာတယ်၊အိပ်နေရင်းနဲ့နှလုံးခုန်နှုန်းတွေမြန်လာတယ်။အဲ့လိုမျိုးတွေဖြစ်ပြီဆိုရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
 
သူ့ကိုတိုက်ရိုက်ကုသတဲ့နည်းတော့မရှိပါဘူး။အခြားရောဂါတွေကိုသက်သာအောင်ဆေးပေးလို့တော့ရပါတယ်။အိပ်ချိန်နည်းနဲ့သူတွေဆိုရင် တစ်နေ့ကို ၆နာရီ မှ ၈နာရီပြည့်အောင်အိပ်ပေးပါ။အိပ်ချိန်မမှန်တဲ့သူတွေဆိုရင်လည်းအချိန်မှန်မှန်အိပ်ဖို့လိုပါတယ်။စိတ်ခံစားမှုကြောင့်ဖြစ်တယ်ဆိုရင်တော့စိတ်ကျရောဂါမှာသုံးတဲ့ဆေးသောက်လို့ရပါတယ်။အခြားစိတ်ရောဂါရှိတယ်ဆိုလည်းစိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ကာကွယ်လို့တော့မရပါဘူး။

23 Jul 2015     1,565 Views




RELATED

Most Popular of Health Fix

Most Popular of Life Style