BEC-TERO TV

ဒရုန်းယာဉ် ဝင်တိုက်မှုကြောင့် ကလေးငယ်ရဲ့ မျက်နှာပျက်ဆီး

15 May 2018     1,477 Views


သနားစရာကောင်းတဲ့ လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးတစ်ဦးကို ဘယ်သူတွေမောင်းနှင်နေခဲ့လဲဆိုတာ မသိတဲ့ ဒရုန်း(Drone) တစ်စီးက ဝင်ထိုက်ခဲ့တာကြောင့် ကလေးရဲ့မျက်နှာဟာ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာရရှိခဲ့ပါတယ်။


တရုပ်နိုင်ငံ တောင်ကျိုးပြည်နယ်ရဲ့ မြို့တော် ပန်းခြံတစ်ခုထဲမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ညနေ ၄ နာရှချန့်မှာ ဖြစ်ပျက်ခဲ့တာပါ။ အသက် ၁ နှစ်အရွယ်သာ ရှိသေးတဲ့ “ချန်းချန်း” ဆိုတဲ့ ကလေးရဲ့ မျက်နှာကို ဒရုန်းယာဉ်က အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့မိပါတယ်။


ကလေးငယ်ရဲ့ မျက်နှာမှာ ဘယ်ဘက်မျက်ခုံးပေါ်ကနေ ညာဘက်နှားခေါင်းပေါ်ထိ ကန့်လန့်ဖြတ်ဒဏ်ရာကြီးရခဲ့တာပါ။ မိခင်ဖြစ်သူဟာ အရူးတစ်ပိုင်းဖြစ်ပြီး ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ သူမရဲ့ ပြောဆိုချက်အရ ဆေးရုံ သုံးရုံကို ရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ ကလေးဟာ မျက်နှာမှာ ၉ ချက်တိတိချုပ်ခဲ့ရပါတယ်။

ဒရုန်မောင်းနှင်သူ ဆယ်ကျော်သက် လူငယ်ဟာ ကလေးမိခင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေစဉ် သူ့ရဲ့ ဒရုန်းကို အမြန်ကောက်ယူပြီး ဒရောသောပါးထွက်ပြေးသွားခဲ့ပါတယ်။ လက်ပူးလက်ကြပ်မမိလိုက်တဲ့ မိခင်က ပန်းခြံထဲမှာရှိနေတဲ့ မျက်မြင်သက်သေတွေကို ဒရုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ ကူညီပြီးဖော်ထုတ်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ ဒရုန်းပိုင်ရှင်ဟာ အသက် ၂၀ အောက် ရွှေရောင်ဆံပင် အသားဖြူဖြူနဲ့ နိုင်ငံခြားသားဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေက အမှုနဲ့ပက်သက်တယ်လို့ ယူဆတဲ့ အသက် ၁၄ နှစ်အရွယ် ဒရုန်းကျွမ်းကျင်သူ လူငယ်တစ်ဦးကို စစ်ဆေးနေပါတယ်။
 


15 May 2018     1,477 Views




RELATED

Most Popular of Special or Others

Most Popular of NEWS