BEC-TERO TV

တောင်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်း

16 May 2018     1,291 Views


တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ နျူကလီးယားပပျောက်ရေး နှစ်နိုင်ငံကြား နှစ်ပေါင်းရှည်ကြာစွာ ဖြစ်နေတဲ့ စစ်ပွဲများအဆုံးသတ်ရေးကို ဆွေးနွေးကြမယ့် တွေ့ဆုံမှုကို မြောက်ကိုရီးယားဘက်မှ ဖျက်သိမ်းတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား သတင်းဌါနရဲ့ ပြောဆိုမှုအရ တောင်ကိုရီးယားနဲ့ အမေရိကန်လေတပ်တို့ ပူးပေါင်းပြီး နိုင်ငံရဲ့ မြောက်ပိုင်းမှာ စစ်ရေးလေးကျင့်တာဟာ ကျူးကျော်လာမှုကို ကာကွယ်ဖို့ လေ့ကျင့်တာဖြစ်ပြီး ကိုရီးယားနှစ်နိုင်ငံအကြား နွေးထွေးမှုရှိနေတာကို ရန်စပေးသလို ဖြစ်စေတယ်လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယားဘက်က ဆွေးနွေးမှုကို ဖျက်သိမ်းခဲ့ခြင်းကြောင့် မကြာခင် စင်ကာပူနိုင်ငံမှာ စီစဉ်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံမှုကရော ပျက်ပြယ်ဦးမှာလားလို့ မေးခွန်းထုတ်စရာရှိလာပါတယ်။

ဒီလေ့ကျင့်မှုဟာ ကျုပ်တို့ကို ပစ်မှတ်ထားတာဖြစ်တယ်။ ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ အကောင်းမြင်တဲ့ နိုင်ငံရေးသဘောဖြစ်အောင် စွမ်းဆောင်နေချိန်မှာ စစ်ရေးအရ ရန်စတာဖြစ်ပြီး ပန်မန်ဂျွန်ကြေညာချက်ကိုလည်း ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာဖြစ်တယ်” လို့ မြောက်ကိုရီးယား သတင်းအေဂျင်စီက ပြောဆိုခဲ့ပါတယ်။

နှစ်ပတ်ကြာ ပူတွဲစစ်ရေးလေကျင့်မှုမှာ ရေဒါစနစ်ကို ရှောင်တိမ်းနိုင်တဲ့ တိုက်လေယာဉ် F-22 ၈ စင်း အပါအဝင် စစ်လေယာဉ် အစီး ၁၀၀၊ ဗုံးကျဲလေယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေ ပါဝင်ပါတယ်။

ကိုးရီးယားနှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုကို ပန်မန်ဂျွန်မြို့ရဲ့ တောင်ပိုင်း ယာယီအပစ်အခတ်ရပ်စဲထားတဲ့နေရာမှာ ပြုလုပ်ဖို့ ပြီးခဲ့တဲ့လက သဘောတူထားခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံမှုမှာ ၁၉၅၀−၅၃ ကိုရီးယားစစ်ကို အဆုံးသတ်နိုင်ရေး နျူကလီးယားလက်နက် အပြီးတိုင်​ဖျက်သိမ်းရေးတို့ကို အဓိကဆွေးနွေးကြဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။


16 May 2018     1,291 Views




RELATED

Most Popular of International News

Most Popular of NEWS