BEC-TERO TV

အလန်းစားပုံစံနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်

17 May 2018     3,744 Views


နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့ကိုရောက်လို့နေပါတယ်။  ကြော်ငြာရိုက်ကူးရေးကိစ္စနဲ့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်က ကမ်းခြေမှာ Bikini နဲ့ရိုက်ထားတဲ့ အလန်းစားဓာတ်ပုံတွေကို သင်ဇာက သူမရဲ့အင်စတာဂရမ်မှာတင်လိုက်ပါတယ်။ Bikini နဲ့တောင့်တင်းလှတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကတော့ မြင်ရသူတိုင်းအဖို့ ရင်သပ်ရှုမောဖွယ်ရာပါပဲ။ 

 

ပုံလေးတွေက ပုလဲကြော်ငြာတစ်ခုအတွက် ရိုက်ကူးပေးနေတဲ့ပုံတွေဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ရုပ်ရည်ချောမောလှပရုံသာမက သူမရဲ့ တောင့်တင်းလှတဲ့ခန္ဓာကိုယ်ကိုလည်း မိန်းကလေးအများစုက အားကျနှစ်ခြိုက်ခြင်းခံရသူပါ။

အပျိုကြီးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့သူမရဲ့အချစ်ရေးကတော့ ပရိတ်သတ်တွေကိုအသိကြားခြင်းမရှိ တိတ်တဆိတ်ပဲဖြစ်ပါတယ်။

သင်ဇာကလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေများစွာကိုရိုက်ကူးနေလျက်ရှိပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။


17 May 2018     3,744 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment