BEC-TERO TV

ယာဉ်မတော်တဆမှုကြောင့် ပြန်ပေးသမားလက်မှ လွတ်မြောက်လာသူ

23 May 2018     1,854 Views


တရုပ်နိုင်ငံ ချန်ဒူးပြည်နယ်က ယာဉ်အသွားအလာအများဆုံး ဟိုင်းဝေးလမ်းမကြီးတစ်ခုရဲ့ အလယ်ယာဉ်ကြောတည့်တည့်မှာ ကြိုးတုတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦး အော်ဒီကားအဖြူရောင်လေး တစ်စီးထဲက လိမ့်ထွက်ကျလာခဲ့ပါတယ်။


ကားပေါ်ကနေ လူတစ်ယောက် ထွက်ပေးသွားတာကိုလည်း မြင့်တွေ့လိုက်ရပါတယ်။ အခြားမော်တော်ယာဉ်ပေါ်က လူတွေက အမျိုးသမီးကို ထူးဆန်းအံ့သြစွာကြည့်နေကြပါတယ်။ အမျိုးသမီးရဲ့ လက်ကောက်ဝတ်မှာ ကြိုးနဲ့တုတ်ခံထားရပြီး ပါးစပ်ကိုလည်း တိပ်နဲ့စည်းပိတ်ထားပါတယ်။
အနီးနားက လူတွေက လာရောက်ကူညီပြီး ကြိုးတွေကိုဖြည်ပေးမှ လွတ်မြောက်သွားပါတယ်။ သူမဟာ မြေအောက်ကားပါကင်တစ်ခုမှာ ဓါးပြတိုက်ခံခဲ့ရပြီး ပြန်ပေးဆွဲခေါ်ဆောင်လာစဉ် လမ်းမပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာကြောင့် ပြန်ပေးသမားက ကားကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် သူမကံကောင်းသွားခဲ့ရတာပါ။

အဲဒီနေ့ ညနေမှာပဲ အသက် ၃၀ အရွယ် ချန် ဆိုသော အမျိုးသားကို မိန်းယန်းမြို့အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး ဓါးပြမှု၊ ပြန်ပေးမှုတွေနဲ့ အရေးယူထားကြောင်း သိရှိရသည်။


 


23 May 2018     1,854 Views




RELATED

Most Popular of Special or Others

Most Popular of NEWS