BEC-TERO TV

လူနာကိုမေ့ဆေးပေးပြီး အဓ္ဓမပြုကျင့်ခဲ့တဲ့ ဆရာဝန်အားဖမ်းဆီး

24 May 2018     2,944 Views


လူနာအမျိုးသမီးကို မေ့ဆေးပေးပြီးနောက် အဓ္ဓမပြုကျင့်ခဲ့တဲ့ ဆရာဝန်တစ်ဦးကို ရဲအဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့က အမျိုးသမီးက သူမရဲ့ဂျိုင်းအနံ့ နဲ့ပက်သက်ပြီး ကုသမှုခံယူနေစဉ် ဆရာဝန်က မေ့ဆေးပေးခဲ့တဲ့အတွက် အချိန်အတော်ကြာ မေ့မြောအိပ်ပျော်သွားခဲ့ပါတယ်။ သူမပြန်လည်သတိယလာတဲ့အချိန်မှာ မတော်မတရား အဓ္ဓမပြုကျင့်ခံထားရတယ်လို့ ခံစားရပြီး ဆရာဝန်ဖြစ်သူကို ဖြောင့်ဖျပြီး မေးမြန်ခဲ့ရာ ဟုတ်မှန်နေကြောင်း သိခဲ့ရပါတယ်။

ဆရာဝန်က ဒီကိစ္စကို တိတ်တဆိတ်ဖြေရှင်းပေးပါရစေလို့ ညှိနှုင်းတာကို လက်မခံပဲ ဆေးရုံက ထွက်ပြေးကာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့မှာ အသက် ၃၅ နှစ်အရွယ် ဆရာဝန်ကို ရဲကဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ အမျိုးသမီးမေ့မြောနေစဉ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ စိတ်ကြိုက်လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အဆိုပါကိစ္စ အပြင်သို့ ပေါက်ကြားခဲ့ပြီးနောက် ဆေးရုံရှေ့မှာ လာရောက်ဆန္ဒပြကြတဲ့ အခြေနေထိ ဖြစ်ခဲ့ပါတယ်။


လက်ရှိမှာ ဆရာဝန်ကိုထိန်းသိမ်းထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်သွားမည်ဖြစ်သည်။
 


24 May 2018     2,944 Views




RELATED

Most Popular of Special or Others

Most Popular of NEWS