BEC-TERO TV

ဘိလပ်မြေဖျော်သယ်ယာဉ် ဖုန်းကြိုးနဲ့ချိတ်ကာ တိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး

25 May 2018     1,412 Views


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘိလပ်မြေဖျော်သယ်ယာဉ်(အုံးမွှေးလုံး) တစ်စီးတိမ်းမှောက်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ယာဉ်မောင်း ဦးအောင်မင်း(၅၃)နှစ် မောင်းနှင်သည့် ခိုင်မာသောပန်းတိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဘိလပ်မြေဖျော်သယ်ယာဉ် အမှတ်(၁ဃ/----)သည် ခေမာသီရိရပ်ကွက်၊ လမ်းသွယ်(၁၉)ထိပ်ရှိ တယ်လီဖုန်း ဆက်သွယ်ရေးကြိုးများနှင့် ချိတ်မိကာ အရှိန်မထိမ်းနိုင်ပဲ လမ်းဘေးတယ်လီဖုန်းတိုင်အား တိုက်မိတိမ်းမှောက်ခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ရမ်ပူရပ်ကွက်နေ ဒေါ်မြင့်မြင့်သန်း(၄၂)နှစ် မောင်းနှင်လာသည့် ဂျာလင်းအမျိုးအစား မော်တော်ဆိုင်ကယ်အား တိုက်မိကာ ဒေါ်မြင့်မြင့်သန်းမှာ ယာဉ်တိုက်မိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးအောင်မင်းအား နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


သတင်း − ဝင်းနိုင်(ကချင်မြေ)
 


25 May 2018     1,412 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS