BEC-TERO TV

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

28 May 2018     1,522 Views


မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံတွင် အစိုးရအစီအစဉ်(MOU)ဖြင့် အလုပ်သွားရောက်လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်သား မြန်မာတစ်ဦး လောင်းကစားလုပ်ရာမှ ရန်ဖြစ်စကားများပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ကဘီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အလုပ်ချိန်ပြင်ပတွင် ထိုင်း ၆ ကောင်ဂျင် (တောက်ကွန်းပါး) လောင်းကစားခြင်းကို မြန်မာအလုပ်သမားများ၊ ထိုင်းအလုပ်ကြပ် အပါအဝင် ထိုင်းလူမျိုး ၄ ဦးတို့ အတူတူကစားခဲ့ကြသည်။

ထိုင်းအလုပ်ကြပ်မှ ဒိုင်ကိုင်ပြီး ကစားကြရာမှ အလျှော်အစားကိစ္စဖြင့် ဒိုင်နှင့် ထိုးသားတို့ စကားများရန်ဖြစ်ရာမှ ကိုယ်ထိလေက်ရောက်ကျူးလွန်မှုများ ရှိလာသည့်အတွက် မြန်မာအလုပ်သမားများက ဝင်ရောက်ဖြန်ဖြေကြစဉ် ဒိုင်ကိုင်သူ ထိုင်းအလုပ်ကြပ် ဖိကွန်း ဆိုသူမှ အခန်းထဲမှ သူပိုင်ဆိုင်သော သေနတ်ကိုယူပြီး မြန်မာအလုပ်သမား မောင်ကျော်လင်း ဆိုသူအား လိုက်လံချိန်ရွယ်ပစ်ခတ်ပြီး ကားမောင်း၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မောင်ကျော်လင်း (MB 911225) မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ကျောဘတ်မှကျည်ဝင်၍ ရင်ညွန့်အထက် နှလုံးကိုဖောက်သည့်ဒဏ်ရာဖြင့် ည ၈ နာရီ ၂၅ မိနစ်အချိန်၊ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။


အမှုမှ တရားခံအား ဖမ်းဆီးရမိရေးအတွက် ကဘီရဲစခန်းက ဆောင်ရွက်လျှက်ရှိပြီး MOEAF နှင့် သက်ဆိုရာ အလုပ်သမားအေဂျင်စီတို့မှ လိုက်ပါကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း MOEAF ပြန်ကြားရေးမှ သတင်းရရှိသည်။
 


28 May 2018     1,522 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS