BEC-TERO TV

အိမ်မွေးကြောင်ကို ရိုက်တဲ့ခင်ပွန်းကို မိန်းမက သေနတ်နဲ့ပစ်သတ်

04 Jun 2018     1,652 Views


အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ကြောင်လေးကို ခင်ပွန်းဖြစ်သူက မကြာခဏရိုက်တာကြောင့် ဒေါသဖြစ်ပြီး ခင်ပွန်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့က အသက် ၄၉ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဒက်စတာဟာရစ်ဆန်ကို သတ်ဖြတ်မှုအတွက် ဇနီးသည် မယ်ရီဟာရစ်ဆန် ကို အာဏာပိုင်များက တရားစွဲဆိုထားပြီး လက်ရှိမှာတော့ ဒေါ်လာ ၁၀၀,၀၀၀ နဲ့ အာမခံထားရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကြောင်လေးပျောက်ဆုံးခဲ့တာနဲ့ ပက်သက်ပြီး လင်မယားနှစ်ယောက် စကားများရာမှ ခင်ပွန်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။
အိမ်နီးချင်းများရဲ့အဆိုအရ လက်ရှိမှာ သူတို့ရဲ့ကြောင်းလေး ပျောက်ဆုံးနေပြီး မယ်ရီဟာရစ်ဆန်က ကြောင်ပျောက်ကြော်ငြာဆိုင်ဘုတ် ထောင်ထားကြောင်း သိရှိရသည်။
 


04 Jun 2018     1,652 Views




RELATED

Most Popular of Special or Others

Most Popular of NEWS