BEC-TERO TV

တစ်ညတာအဖော်လုပ်ပေးရင် တစ်နှစ်စာအိမ်လခ FREE

04 Jun 2018     1,435 Views


အိမ်ပိုင်ရှင်အမျိုးသမီးတစ်ဦးဟာ သူမနဲ့ တစ်ညတာ အဖော်လုပ်ပေးရင် တစ်နှစ်စာ အိမ်လခ အခမဲ့ပါလို့ သူမရဲ့ အိမ်ငှားဖြစ်သူ အမျိုးသားတစ်ဦးကို ပေးပို့တဲ့ မက်ဆေ့ဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး အားကျသူ၊ ဝေဖန်သူတွေနဲ့ ဆူညံပွက်သွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အမျိုးသားတစ်ဦးဟာ လပေးစနစ်နဲ့ ငှားနေရတဲ့ အိမ်ခန်းမှာ လကုန်သွားပေမယ့် အိမ်လခ ပေးစရာမရှိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အမျိုးသမီးက သူ့ကို “အိမ်လခပေးဖို့ အချိန်တန်ပြီ” လို့ မက်ဆေ့ပေးပို့ခဲ့ပါတယ်။ သူက ပေးစရာပိုက်ဆံမရှိသေးလို့ ခတ္တဆိုင်းရန် အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီအချိန်မှာ အိမ်ရှင်အမျိုးသမီးက “မင်းမပေးနိုင်ရင်လည်း ကိစ္စမရှိပါဘူး၊ မင်းအလုပ်က ပြန်လာရင်သာ ငါ့ဆီလာပြီး အဖော်လုပ်ပေး အဲဒါဆိုရင် အိမ်ငှားခ မပေးရတော့ဘူး” လို့ စာပြန်ရောက်လာတာကြောင့် အမျိုးသားမှာ အံ့သြထိတ်လန့်သွားခဲ့ပါတယ်။

အဲဒီနောက် အမျိုးသားက ဘာကိုကြောက်သွားသည်တော့မသိ “အိမ်လခ ဒီနေ့အကြေပေးပါ့မယ်” လို့ စာပြန်လိုက်ပါတယ်။
ဒီအခါ အိမ်ရှင်အမျိုးသမီးက “ ဒီအခွင့်ရေးက တစ်ခါပဲ ရမှာနော်၊ ငါ့ဆီမှာ တစ်ရက်အဖော်လာလုပ်ပေးတာနဲ့ မင်း တစ်နှစ်လုံးစာ အခန်းခ မပေးရတော့ဘူး။ ပြန်စဉ်းစားဦးနော်၊ ငါ့အိမ်မှာ မင်းကိုစောင့်နေမယ်” လို့ စာပြန်ပို့လာပါတယ်။

နောက်ပိုင်းမှာ သူတို့နှစ်ဦး ဘာဆက်ဖြစ်လဲဆိုတာ မသိတော့ပေမယ့် အပြန်လှန်မက်ဆေ့ပို့ထားတဲ့ ပုံက လူမှုကွန်ယက်မှာ ပျံ့နှံ့လို့နေပါတယ်။
မိတ်ဆွေရော ဒီလိုအိမ်ရှင်မျိုးနဲ့ မတွေ့ချင်ဘူးလား...။
 


04 Jun 2018     1,435 Views




RELATED

Most Popular of Special or Others

Most Popular of NEWS