BEC-TERO TV

မွှားကောင်ကိုက်ခံရပြီး သွက်ချာပါဒလိုက်ကာ ဒုက္ခိတဘဝရောက်ခဲ့သူ

05 Jun 2018     3,875 Views


ပိုးကောင်းမွှားကောင်းလေးတွေ ကိုက်တာ ဘာမှမဖြစ်ပါဘူးလို့ မပေါ့ဆမိကြဖို့ ယခုဖြစ်ရပ်မှန်သတင်းတစ်ပုဒ်က သင်ခန်းစာရနိုင်ပါတယ်။

အသက် ၄၃ နှစ်အရွယ် ကလေးသုံးယောက်မိခင် အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးဟာ သူမရဲ့ဥယျာဉ်ခြံထဲမှာ မွှားကောင်းလေးတစ်ကောင် ကိုက်ခံရပြီးနောက် သွက်ချာပါဒလိုက်ကာ စကားလည်း မပြောနိုင်၊ အစားအစာတောင် မစားနိုင်တော့ပဲ ပိုက်နဲ့တပ်ပြီး သွင်းရတဲ့ အခြေအနေထိ ဖြစ်နေပါတယ်။

Rachel Foulkes-Davies (၄၃ နှစ်) ဟာ သူမရဲ့ လည်ပင်းကို မွှားကောင်းကိုက်ခံခဲ့ရတာကို ဘာမှမဖြစ်လောက်ပါဘူးဟု ပေါ့ပေါ့ဆဆနေခဲ့ရာမှာ နှစ်ရက်သုံးရက်ခန့်အကြာမှာ သူရဲ့လျှာတွေ ဘာခံစားမှုမှမရှိတော့ပဲ ထုံလာသလို မျက်နှာတစ်ခြမ်းလည်းရွဲ့လာခဲ့ပါတယ်။

ဆရာဝန်ပြကြည့်တဲ့အခါမှာ ဟော်မုန်းချို့ယွင်းတာလို့ ယူဆခဲ့ပြီး ဆေးတွေပေးခဲ့ပေမယ့် မသက်သာပဲ အခြေနေပိုဆိုးလာခဲ့ပါတယ်။ အဲဒီနောက် ၇ လလောက်အတွင်းမှာ တစ်ဖြည်းဖြည်း စကားမပြောနိုင်ဖြစ်လာပါတယ်။ တစ်နှစ်လောက်အကြာမှာ မျက်ခွံတစ်ဖက်လည်း ပိတ်လို့မရတော့တာကြောင့် မျက်စိကို အကာအကွယ်ထားပြီး နေရတဲ့ အခြေနေထိ ဆိုရွားသွားခဲ့ပါတယ်။

အစားအစာလဲ မစားနိုင်တော့ပဲ စွပ်ပြုတ်အရည်ကို ပိုက်ကနေတစ်ဆင့် သွင်းပေးရတဲ့ အခြေအနေထိ ဖြစ်သွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဇွန်လထဲမှာ နေ့လည် ၂ နာရီခွဲအချိန်ခန့်က သူမရဲ့ ဥယျာဉ်ခြံထဲမှာ အလုပ်လုပ်ရင်း လည်းပင်းကို မွှားကောင် တစ်ကောင်ကိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီ ညနေမှာပဲ မွှားကောင်ကိုက်ခံထားရတဲ့နေရာက ရောင်ရမ်းလာပြီး နောက်ပိုင်းမှာ အဖြူရောင် ပြောင်းသွားခဲ့ပြီးနောက် အခုလို သွက်ချာပါဒ ဒုက္ခိတဘဝကို တစ်ဖြည်းဖြည်းချင်း ရောက်ခဲ့တာဖြစ်ပါတယ်။
 


05 Jun 2018     3,875 Views




RELATED

Most Popular of Special or Others

Most Popular of NEWS