BEC-TERO TV

ဆော်ဒီအာရေဘီးယားတွင် အမျိုးသမီးယာဉ်မောင်းလိုင်စင်များ ပထမဆုံးအကြိမ်ထုတ်ပေး

06 Jun 2018     1,663 Views


ကမ္ဘာပေါ်တွင် အမျိုးသမီးများ မော်တော်ယာဉ်မောင်းနှင်ခွင့်ကို ပိတ်ပင်ထားသော တစ်ခုတည်းသော နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဘီးယားနိုင်ငံက အမျိုးသမီး ယာဉ်မောင်းလိုင်စင်များကို ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် စတင်ထုတ်ပေးနေပြီဖြစ်သည်။

ထို့အပြင် အင်နာနေရှင်နယ် အသိမှတ်ပြုယာဉ်မောင်းလိုင်စင်ရှိသူများကိုလည်း ဆော်ဒီနိုင်ငံအတွင်းမောင်းနှင်နိုင်မည့် လိုင်စင်များနဲ့ လဲလှယ်ပေးလျှက်ရှိကြောင်း ဆော်ဒီသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသမီးများ မော်တော်ယာဉ်မောင်နှင်ခွင့်ကို ပိတ်ပင်ထားသည့် ဆော်ဒီအာရေဘီးယားနိုင်ငံရဲ့ ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။ အင်တာနေရှင်နယ် ယာဉ်မောင်းလိုင်စင်ရှိသူများကို ဆော်ဒီနိုင်ငံတွင်း မောင်နှင်နိုင်မည့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးနေသော်လည်း အမျိုးသမီးလျှောက်ထားသူများအတွက် ယာဉ်မောင်းစစ်ဆေးမှုစာမေးပွဲတော့ ဖြေဆိုရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လိုင်စင်အရေအတွက် မည်မျှထုတ်ပေးကြောင်းကိုတော့ ပြောဆိုခြင်းမရှိသေးပါ။


 


06 Jun 2018     1,663 Views




RELATED

Most Popular of International News

Most Popular of NEWS