BEC-TERO TV

PowerBank ပေါက်ကွဲမှုကြောင့် လူတစ်ဦးမီးလောင်

06 Jun 2018     1,743 Views


ဖုန်းဘတ္ထရီအားသွင်းသည့် ပါဝါဘဏ်အားသွင်းစက် အသုံးပြုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးအား မီ:ကျွမ်းလောင်ခဲ့မှု ဇွန်လ ၅ ရက်နေ့က ဒူဘိုင်းနိုင်ငံ ဈေးဝယ်စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။

သတင်းများအရ အမျိုးသားဟာ သူ့ရဲ့ဘောင်းဘီအိတ်ထဲမှာ PowrBank ကို ထည့်ထားရင်း ဖုန်းနဲ့ချိပ်ဆက်အားသွင်း အသုံးပြုစဉ် ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။
ဘောင်းဘီအိတ်ထဲမှာ မီလောင်တာမို့ သူ့ရဲ့အဝတ်အစားများကို လျှင်မြန်စွာ မီးကူးသွားခဲ့ပြီး ဘာလုပ်ရမှန်းမသိလျှောက်ပြေးခဲ့တာကို ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။

ထိတ်လန့်စရာကောင်းတဲ့ အဆိုပါအဖြစ်ကို မြင်တွေ့သူတွေကလည်း အော်ဟစ်ဆူညံနေခဲ့ပါတယ်။ နောက်တော့မှ လူတစ်ဦးက မီးသတ်ဆေးဗူးယူပြီး အမြန်မီးညှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဝတ်အစားအားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် အပူလောင်ဒဏ်ရာတွေ ရရှိခဲ့မှာ သေချာပါတယ်။
 


06 Jun 2018     1,743 Views




RELATED

Most Popular of Special or Others

Most Popular of NEWS