BEC-TERO TV

မျက်စိရေတိမ်ရောဂါအကြောင်းသိကောင်းစရာ

23 Jul 2015     1,721 Views


ဒီရောဂါဟာ မျက်လုံးတွေရွေ့လျားတဲ့အတိုင်းကိုမြင်ရတဲ့အမြင်မှာအမည်းရောင်လေးတွေ၊မီးခိုးရောင်လေးတွေကို အစက်လေးတွေ၊အမျှင်လေးတွေအဖြစ် အမြင်အာရုံမှာခံစားရတာကိုတွေ့ရှိရတဲ့ရောဂါ့ပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့အသက်ကြီးလာနဲ့ဆက်စပ်တယ်လို့ပြောလို့ရပါတယ်။
 
အဓိကကတော့မျက်လုံးထဲမှာဆိုရင်ဂျယ်လီနဲ့တူတဲ့အလင်းပေါက်ပစ္စည်းအရည်ပျစ်တစ်မျိုးရှိပါတယ်။အဲ့အရည်ပျစ်လေးကအသက်ကြီးတဲ့အခါမှာတဖြည်းဖြည်းနဲ့အရည်အဖြစ်ဖြစ်သွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ရောဂါလို့လည်းယေဘုယျပြောလို့ရပါတယ်။
 
ရောဂါလက္ခဏာတွေကတော့မျက်လုံးလှုပ်ရှားလိုက်တိုင်း အစက်တွေကိုလိုက်မြင်ရတယ်၊တစ်ခါတစ်လေကျရင်ကြည့်နေရင်းနဲ့ဘေးကိုမမြင်ရတာတွေဖြစ်တက်တယ်။ တစ်ခါတစ်လေမှခံစားရမယ် အဲ့လိုမှမဟုတ်ပဲ ပုံမှန်လိုဖြစ်လာပြီဆိုရင်တော့သက်ဆိုင်ရာမျက်လုံးဆရာဝန်နဲ့ပြသသင့်ပါတယ်။မျက်လုံးရဲကအနောက်ဘက်မှာရောင်ရမ်းတာ၊ ရောဂါပိုးဝင်လို့ရှိရင်လည်းဒီရောဂါဖြစ်တာကိုတွေ့ရှိရပါတယ်။ 
 
မျက်လုံးထဲမှာသွေးထွက်တာ၊ရင်လွှာပြဲသွားတဲ့အခါမှာဒီရောဂါဖြစ်တာကိုတွေ့ရှိရပါတယ်။အသက် (၅၀)ကျော်တဲ့သူတွေ၊ဆီးချိုရောဂါသည်တွေမှာဖြစ်ဖို့အခွင့်လမ်းများပါတယ်။ဆီးချိုရောဂါကြောင့်ဖြစ်လာတဲ့မျက်လုံးထိခိုက်တဲ့သူတွေမှာဆိုရင်လည်းဖြစ်ဖို့အခွင့်အလမ်းများပါတယ်။
 
မျက်လုံးရောင်မယ်။မျက်လုံးမှာဒဏ်ရာရတဲ့သူတွေ၊အနီးမြင်တဲ့သူတွေမှာလည်းဒီရောဂါဖြစ်ဖို့အခွင့်အလမ်းတွေများပါတယ်။ကုသမှုအနေနဲ့ကတော့သူ့ကိုတိုက်ရိုက်ကုသလို့မရပါဘူး။တစ်ခါတစ်လေမှာလည်းကုသစရာမလိုပဲတဖြည်းဖြည်းပြန်ကောင်းသွားတာရှိပါတယ်။
 
ဂျယ်လီနဲ့တူတဲ့အရည်ပျစ်ကိုဖယ်ရှားတဲ့ကုသနည်းနဲ့ကုမလား၊လေဆာနဲ့ကုမလား ဆိုတာကိုသက်ဆိုင်ရာဆရာဝန်တွေကသက်ဆိုင်ရာကုထုံးတွေနဲ့ကုသလို့ရပါတယ်။ဒီရောဂါကိုကာကွယ်တဲ့နည်းလမ်းတွေတော့မရှိပါဘူး။ သို့သော်ကိုယ့်မျက်လုံးကိုတော့အမြဲတမ်းဂရုစိုက်ရပါမယ်။

23 Jul 2015     1,721 Views




RELATED

Most Popular of Health Fix

Most Popular of Life Style