BEC-TERO TV

ငွေထုတ်သလိုဟန်ဆောင်ပြီး ဘဏ်တွင်ဓားမြတိုက်သွားတဲ့ အမျိုးသား

07 Jun 2018     1,325 Views


ဇွန်လ ၆ ရက်နေ့ ထိုင်းနိုင်ငံ ပန်ဝေ့မှာရှိတဲ့ ထိုင်းဖန်းနစ် ဘဏ်ခွဲကို အမျိုးသားတစ်ဦးက ငွေလာထုတ်သလိုဟန်ဆောင်ပြီး ဘဏ်တွင်ဓားမြတိုက်ခဲ့သည်ဟု သိရသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ ၁၁ နာရီအချိန်ခန့်က ထိုင်းဖန်းနစ် ဘဏ်ခွဲတစ်ခုတွင် အမျိုးသားတစ်ဦးသည် အခြားဖောက်သည်များအတိုင်း အေးအေးဆေးဆေး အလဲ့ကျစာရွက်စာတမ်းများယူပြီး အစဉ်လိုက်ထိုင်စောင့်ခဲ့သည် ။ မထင်မှတ်ပဲ ထိုအမျိုးသား၏ အလဲ့ကျရောက်ချိန်တွင် ကောင်တာမှာရှိတဲ့ဝန်ထမ်းအမျိုးသမီးကို သေနတ်နဲ့ခြိုမ်းခြောက်ပြီး ထိုင်းဘတ်ငွေ သုံးသိန်းကျော် (မြန်မာငွေ သိန်းနှစ်ရာနီပါးရှိ) ဓားမြတိုက်လုယူပြီး ထွက်ပြေးသွားသည်ဟုသိရသည် ။
 
 
ရဲများစစ်ဆေးချက်အရ တရာခံသည် ဓားမြတိုက်ရန် ဘဏ်အတွင်းမဝင်ခင် အားလုံးပြင်ဆင်ထားတယ်ဟု သိရသည် ။ တရာခံက ဘဏ်အပြင်မှာ ဆိုင်ကယ်တစ်စီးကို စက်နိုးပြီး ပိုက်ဆံလုယူပြီးတာနဲ့တစ်ခါတည်း အဆင်သင့်မောင်းထွက်ပြေခဲ့တာပါဟု ရဲများစစ်ဆေးချက်အရသိရသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရာခံကို အခြား CCTV မှတစ်ဆင့် မောင်းပြေးရာလမ်းတွင် ခြေရာလိုက်ပြီး လိုက်လံဖမ်းဆီးနေဆဲဟု သိရသည် ။
 

07 Jun 2018     1,325 Views




RELATED

Most Popular of Special or Others

Most Popular of NEWS