BEC-TERO TV

သစ်ပင်ပေါ်ကပြုတ်ကျပြီး သစ်ကိုင်း ထုတ်ချင်းပေါက်စိုက်ဝင်

07 Jun 2018     1,360 Views


အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦးဟာ သစ်ပင်ပေါ်ကနေ ပြုတ်ကျပြီး ၄ ပေခန့်ရှည်လျားတဲ့ သစ်ကိုင်းက နောကျောကနေ ရင်ဘတ်ကိုဖောက်ဝင်ပြီး လည်ပင်းကနေ ပြန်ဖောက်ထွက်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

Bishnu Mahakud ဆိုတဲ့ ၁၂ နှစ်သားကလေးဟာ ဘယ်ရီသီးတက်ခူစားရန် ဘလက်ဘယ်ရီသီးပင်ပေါ်သို့ တက်ခဲ့ရာမှ ပြုတ်ကျခဲ့ပြီး ၄ ပေခန့်ရှည်တဲ့ သစ်ကိုင်းစထိုးဝင်ပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

၃ နာရီကြာခွဲစိတ်မှုပြုလုပ်ခဲ့ပြီးမှ စိုက်ဝင်နေတဲ့ သစ်ကိုင်းကို သူ့ရဲ့ ခန္ဓာကိုယ်ကနေ ပြန်ထုတ်နိုင်ခဲ့ပါတယ်။ ခွဲစိတ်မှု ပြုလုပ်စဉ်မှာ ရာဝန်တွေ အခက်တွေ့ခဲ့ရပြီး ရွာနဲ့ မိုင် ၁၂၀ ဝေးတဲ့ ဆေးတက္ကသိုလ်ဆေးရုံကို ထပ်မံပို့ဆောင်ခဲ့ရပါတယ်။

၇၂ နာရီကြာ အနီးကပ်စောင့်ရှောက် ကုသပြီးတဲ့အချိန်မှာတော့ ကလေးဟာ လုံးဝအန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း ဆရာဝန်တွေကပြောကြားခဲ့ပါတယ်။


 


07 Jun 2018     1,360 Views




RELATED

Most Popular of Special or Others

Most Popular of NEWS