BEC-TERO TV

အာရုံကြောချို့ယွင်းနေသည့် ၁၁ နှစ်သမီးအား ပထွေးဖြစ်သူက အဓ္ဓမပြုကျင့်ကာ စွန့်ပစ်

07 Jun 2018     1,311 Views


အာရုံကြောချို့ယွင်းနေသည့် ၁၁ နှစ်အရွယ် သမီးငယ်အား အဓ္ဓမပြုကျင့်ပြီး စွန့်ပစ်ခဲ့သည့် အသက် ၄၀ အရွယ်အမျိုးသား(ပထွေး) ဖြစ်သူအား ဖမ်းဆီးရန် ထိုင်းနိုင်ငံ ဆာမတ်ဆခွန်ပြည်နယ် တရားရုံးမှ ဗုဒ္ဓဟူးနေ့က ခွင့်ပြုလိုက်သည်။

ဖြစ်စဉ်မှာ အဖွားနှင့်အတူနေထိုင်သော မွေးရာပါအာရုံကြော ချို့ယွင်း(အော်တစ်ဇင်) အသက် ၁၁ နှစ်အရွယ် သမီးငယ်အား ဆေးရုံတင်ထားရသည့် သူမ၏မိခင်ဖြစ်သူအား သွားကြည့်ရန် ပထွေးဖြစ်သူမှ လာခေါ်ခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ည ၈ နာရီအချိန်လောက်တွင် သတိလစ်မေ့မျော့နေပြီး အောက်ပိုင်းမှာ သွေးများယိုစီးကျလျှက် ကလေးမလေးကို တက္ကစီမောင်းသမားတစ်ဦးက ဆေးရုံသို့ အရေးပေါ်ခေါ်ဆောင်လာခဲ့သည်။ ဆေးရုံမှ ကလေးမလေးအား အထူးကြပ်မတ်ဆောင်တွင် ဂရုစိုက် ပြုစုကုသပေးပြီးနောက် ပြန်လည်သတိရလာချိန်တွင် “အခုလိုဖြစ်အောင် ပထွေးလုပ်တာ” ဆိုပြီး ရေရွတ်ခဲ့ပါတယ်။

ရဲတွေက ကလေးမလေးကို ဆေးရုံပို့ခဲ့တဲ့ တက္ကစီမောင်းသူ ဆွမ်မီဝါဒေါင်ဒီး (၅၈ နှစ်) ကို စစ်ဆေးမေးမြန်းခဲ့ရာ၊ မီးပွိုင့်မီလို့ ကားရပ်နေစဉ် ဆိုင်ကယ်စီးလာတဲ့ လူတစ်ယောက်က သတိမေ့နေတဲ့ ကလေးမလေးကို ပွေ့ချီထားပြီး သူ့ရဲ့ ကားမှန်တံခါးကို လာခေါက်ပါတယ်။ အဲဒီနောက် ကလေးမလေးကို ဆေးရုံပို့ပေးဖို့ အကူညီတောင်းပါတယ်။ ကလေးမလေးကို လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ သတိလစ်နေတာတွေ့လို့ ချီခေါ်လာတာဖြစ်ပြီး ဆေးရုံကို အမြန်ပို့ပေးပါ၊ ကောင်မလေးရဲ့ အိပ်ကပ်ထဲမှာလည်း ဖုန်းတစ်လုံးတွေ့လို့ သူ့အမျိုးတွေဆီလည်း အကြောင်းကြားလိုက်ပါဆိုပြီး ဖုန်းကို ပေးကာ သူက ရဲစခန်းမှာ အမှုဖွင့်ပြီးရင် လိုက်ခဲ့ပါမယ်လို့ ပြောတဲ့အတွက် ဆေးရုံကို မောင်းပို့ခဲ့တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီလူလဲ ဆေးရုံကို ရောက်မလာသလို ရဲစခန်းမှာလည်း ဘာအမှုမှမဖွင့်ထားတာကို သိခဲ့ပါတယ်။

ကလေးမလေးရဲ့ အဖွားဖြစ်သူကတော့ ယူကျုံးမရဖြစ်ပြီး သူ့ရဲ့မြေးမလေး သူ့အမေကို ဆေးရုံမှာသွားတွေ့ဖို့ ပထွေးလာခေါ်တာကို သူကိုယ်တိုင်ထည့်ပေးလိုက်မိတာ ဖြစ်ကြောင်း၊ အဲဒီအချိန်ထဲက ဘာသတင်းမှမကြားရတော့ပဲ ရဲစခန်းက ဖုန်းဆက်မှ သိခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ ပထွေးဖြစ်သူ လွတ်မြောက်လျှက်ရှိပြီး ကလေးရဲ့ မိခင်ဖြစ်သူဆီကနေ အချက်အလက်တွေရဖို့ ဆင့်ခေါ်ထားကြောင်း ရဲစခန်းက သိရှိရပါတယ်။ တက္ကစီမောင်းသူကို ပေးခဲ့တဲ့ လက်ကိုင်ဖုန်းဟာပထွေးဖြစ်သူရဲ့ ဖုန်းဖြစ်နိုင်တယ်ဟု ယူဆပြီး သက်သေခံအဖြစ် သိမ်းဆည်းထားပါတယ်။
 


07 Jun 2018     1,311 Views




RELATED

Most Popular of Special or Others

Most Popular of NEWS