BEC-TERO TV

၅ ထပ်တိုက် ဝရံတာသံပန်းပေါက်မှ ကလေးငယ်တစ်ဦး တွဲလောင်းပြုတ်ကျ

08 Jun 2018     1,772 Views


အထပ်မြင့်နေအိမ်တိုက်ခန်းများတွင် လမ်းလျှောက်တတ်ကာစ၊ လျှောက်ပြေးကစားတတ်တဲ့ ကလေးများရှိပါက လူကြီးမိဘများ အထူးသတိပြုရန်လိုပါတယ်။ သံပန်းများ တပ်ဆင်ထားပေမယ့်လည်း လုံခြုံစိတ်ချရမှု အပြည့်အဝမရှိသေးပါဘူး။

တရုပ်နိုင်ငံ ဟန်နန်ပြည်နယ်မှာရှိတဲ့ နေအိမ်တိုက်ခန်း ၅ လွှာရဲ့ ဝရံတာသံပန်းပေါက်မှ ကလေးငယ်တစ်ဦး ပြီးခဲ့တဲ့ အင်္ဂါနေ့က ထွက်ကျခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ ဦးခေါင်းဟာ သံပန်းပေါက်မှာ တစ်နေတာကြောင့် လုံးဝပြုတ်ကျမသွားပေမယ့် လည်ပင်းကျိုးကာ ကြိုးဆွဲချသလို သေဆုံးနိုင်မယ့် အခြေအနေဖြစ်ခဲ့ပါတယ်။

အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ စစ်မှုထမ်းဟောင်း Zhang Xin ဟာ ကလေးငိုသံကြားလို့ လိုက်ရှာကြည့်ခဲ့ရာ ၅ လွှာသံပန်းပေါက်မှာ တန်းလန်းကြီးဖြစ်နေတဲ့ ကလေးကို တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာမှမစဉ်းစားနေတော့ပဲ အပြင်ဘက်သံပန်းတွေကနေတစ်ဆင့် ၅ လွှာကို ရောက်အောင် သွားပြီး ကလေးကို ကယ်တင်ခဲ့ပါတယ်။

ခြေလွတ်လက်လွတ် တက်သွားပြီး သူ့ရဲ့အန္တရာယ်ကိုတောင် မငဲ့ကွက်ပဲ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ခဲ့လို့ အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး အားလုံးက ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

အဲဒီနောက် ရဲတွေရောက်လာပြီး အဆိုပါအခန်းကို ရှာခဲ့ရာမှာ အခန်းထဲမှာ လူတစ်ယောက်မျှမရှိကြောင်း တွေ့ခဲ့ရပါတယ်။ ခဏနေတော့ အဖွားဖြစ်သူပြန်ရောက်လာပါတယ်။ ရဲတွေက အဖွားဖြစ်သူအနေနဲ့ ကလေးငယ်ကို တစ်ယောက်ထဲထားကာ အပြင်သို့ မသွားသင့်ကြောင့် ပညာပေးဆုံးမခဲ့ရတယ်လို့ သိရှိရပါတယ်။


08 Jun 2018     1,772 Views




RELATED

Most Popular of Special or Others

Most Popular of NEWS