BEC-TERO TV

အောက်ခြေဖဝါးအရွတ်ရောင်ရမ်းခြင်းရောဂါ

23 Jul 2015     1,744 Views


ဒီရောဂါကအဓိကအားဖြင့်ဖနောင့်မှာရှိတဲ့အရွတ်နာပြီးတော့ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ခြေဖဝါးမှာဆိုရင်ခြေချောင်းလေးတွေကနေဖနောင့်အထိကိုဆက်သွယ်ထားတဲ့အမျှင်လေးတွေ၊တစ်ရှူးလေးတွေ တဖြည်းဖြည်းနဲ့ရောင်လာတယ်။တစ်ခါတစ်လေနာလာပါတယ်။ဒီလိုဖြစ်တာကိုခြေဖဝါးအရွတ်ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။
 
ပထမဆုံးစပြီးခံစားရတာကတော့မနက်မိုးလင်းအိပ်ရာထမှာဆိုရင်အရမ်းကိုနာပါတယ်။အကြာကြီးမတ်တပ်ရပ်တဲ့အခါမှာဆိုရင်လည်းနာတက်တယ်။ထိုင်နေရာကနေရုတ်တရပ်မတ်တပ်ရပ်တဲ့အခါမှာလည်းနာတက်ပါတယ်။ဒီရောဂါကိုအားကစားသမားတွေ၊အပြေးသမားတွေ၊မတ်တပ်ရပ်ပြီးအလုပ်လုပ်ရတဲ့သူတွေမှာအဖြစ်များတာကိုတွေ့ရှိရပါတယ်။
 
စီးနေကျရှူးဖိနပ်ကဆိုရင်လည်းခြေထောက်ပေါ်မှာသေချာထောက်ပ့ံမှုမပေးနိုင်ဘူးဆိုရင်လည်းဒီရောဂါဖြစ်ဖို့အခွင့်အလမ်းတွေရှိပါတယ်။လက္ခဏာတွေကတော့မနက်မိုးလင်းအိပ်ရာနိုးလာရင်အရမ်းနာမယ်၊တစ်ခုခုထိုးသွင်းထားသလိုနာမယ်၊တစ်ခါတစ်လေပြန်သက်သာသွားတာရှိပါတယ်၊ခုံးခုံးလေးဖြစ်နေတဲ့သဏ္ဍန်အပေါ်မှာဖိအားတွေဖိထားတဲ့အခါမှာအရွတ်ကကြာလာတဲ့အခါမှာရောင်လာမယ်၊အရွတ်ကပြဲလာတယ်။
 
အဲါဒီကမှတစ်ဆင့်အရွတ်ရောင်ခြင်းရောဂါဖြစ်လာပါတယ်။အသက်အရွယ်အားဖြင့် အသက် (၄၀)ကနေ (၆၀) ကြားအရွယ်မှာဖြစ်နိုင်ပါတယ်။တစ်ချို့သောလေ့ကျင့်ခန်းတွေကဆိုရင်ဒီရောဂါဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ခြေဖဝါးပြားတဲ့ရောဂါရှိတဲ့သူတွေမှာလည်းအဖြစ်များတယ်။အဝလွန်တဲ့သူတွေမှာလည်းအဖြစ်များပါတယ်။
 
ဖော်ပြပါရောဂါလက္ခဏာတွေခံစားနေရပြီဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ဖနောင့်မှာဆိုရင်တောက်လျောက်တစ်ချိန်လုံးနာနေတဲ့အနာရောဂါခံစားနေရပါတယ်။အဲ့လိုနာတဲ့အတွက်ကြောင့်လမ်းလျှောက်တဲ့ပုံစံပြောင်းလိုက်တဲ့အခါမှာဒူူး၊ခါး နာတာတွေပါဖြစ်လာတက်ပါတယ်။ကုသမှုအနေနဲ့ကတော့ အနားယူခိုင်းတယ်၊ သောက်ဆေးသောက်ခိုင်းတယ်၊ထိုးဆေးတွေနဲ့လည်းကုသလို့ရပါတယ်။
 
လေ့ကျင့်ခန်းလုပ်တဲ့ကုသမှုတွေရှိတယ်၊ရေပွကုထုံးတွေနဲ့လည်းကုသလို့ရပါတယ်။ခြေဖနောင့်ကိုကြက်စည်းပြီးကုသနည်းနဲ့လည်းကုသလို့ရပါတယ်။ဖြစ်တဲ့နေရာကိုရေခဲကပ်လို့ရတယ်။စီးနေကျဖိနပ်တွေကိုသေချာပန်ပြင်ဆင်မယ်ဆိုရင်တော့ခြေဖဝါးအရွတ်ရောင်ရမ်းတာဟာသက်လည်းသက်သာမယ်၊ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။

23 Jul 2015     1,744 Views




RELATED

Most Popular of Health Fix

Most Popular of Life Style