BEC-TERO TV

ကံမမြို့ နယ်တွင် တံတားများပျက်စီးပြီး ရွာ ၁၃ ရွာ ရေနစ်မြုပ်နေ

12 Jun 2018     1,592 Views


ဇွန်လ ၁၂ ရက်နေ့ နံနက် ၄ နာရီခန့် မကွေးတိုင်းဒေသကြီး ကံမမြို့ နယ်တွင် လမ်းအားဆက်သွယ်ထားသည့် ရေနံ့သာတံတားသည် မင်းတုန်းချောင်း ရေတိုက်စားသဖြင့် မျောပါပျက်ဆီးသွားကြောင်း သိရသည်။ 
 
 
" ရေဝင်ရောက်မှုများ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ကံမမြို့နယ် မင်းတုန်းချောင်းရိုးနဘေးက ကျေးရွာအုပ်စု(၁၀) အုပ်စုအတွင်းမှာ ရှိတဲ့ကျေးရွာပေါင်း(၁၃)ရွာကို ချောင်းရေကြီးမြင့်ခြင်းကြောင့် ရေဝင်ရောက် နစ်မြုပ်လျက်ရှိပါတယ်" ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
လက်ရှိရေဝင်ရောက်နစ်မြုပ်လျက်ရှိသည့်  ကျေးရွာများမှာ အင်းဘဲကျေးရွာ၊ ရွှေတောကျေးရွာ၊ အလပ်လယ်ကျေးရွာ၊ ဆုံကုန်းကိုင်းခုံ၊ တောမကျင်း၊ မင်းရွာ၊ ခြောက်ပင်၊ ကုန်းသာ၊ ကြို့ပင်၊ ကင်း၊ ထန်လေးပင်နှင့် ဝန်လိုကိုင်းရွာတို့ဖြစ်ကြောင်း သိရသည်။
 
 
 
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် အိမ်ခြေ(၃၁၀)၊ အိမ်ထောင်စု (၂၉၇) အိမ်စု၊ လူဦးရေ(၈၄၃)ဦး သည် ရေဘေး ဒုက္ခခံစားနေရကြောင်း သိရသည်။

12 Jun 2018     1,592 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS