BEC-TERO TV

မြန်မာ့ရှေ့ဆောင်ဘဏ် Master Card ကိုစတင်မိတ်ဆက်

23 Jul 2015     1,355 Views


မြန်မာ့ရှေ့ဆောင်ဘဏ် Master Card ကို ဇူလိုင်လ (၂၂) ရက်နေ့က သိမ်ဖြူလမ်းမှာရှိတဲ့မြန်မာ့ရှေ့ဆောင်ဘဏ်မှာမိတ်ဆက်ခဲ့ပါတယ်။ Master Card ကိုနိုင်ငံခြားအားလပ်ရက်ခရီးသွားသူများ၊စီးပွားရေးသမားများ ၊ကျောင်းသူကျောင်းသားများ ၊ပြည်ပဆေးကူသမှုခံယူသူများအတွက်အဓိကထားထုတ်လုပ်တာဖြစ်ပါတယ်။Master Card ဟာဧရာဝတီဘဏ် ၊ကမ္ဘောဇဘဏ်အစရှိတဲ့ပြည်တွင်းကအခြားဘဏ်တွေနဲ့လည်းပူးပေါင်းပြီး Master Card တွေထုတ်ဝေထားသလိုနိုင်ငံပေါင်း (၂၁၀)ကျော်မှဘဏ်အဖွဲ့အစည်းများ ၊ကုန်သည်များ ၊အစိုးရပိုင်လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများနဲ့လည်းဆက်သွယ်ထားတယ်လို့သိရပါတယ်။


23 Jul 2015     1,355 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS