BEC-TERO TV

မြင်းပြိုင်ပွဲထဲ ဓါတ်ပုံဝင်ရိုက်မိသူရဲ့ အဖြစ်ဆိုး

14 Jun 2018     1,830 Views


ဓါတ်ပုံဝါဿနာရှင်တစ်ဦးက ဘရားဇီးနိုင်ငံရဲ့ ရိုးရာမြင်းစီးပြိုင်ပွဲတော် တစ်ခုမှာ ရိုက်ချက်ကောင်းကောင်း ရလိုဇောနဲ့ မြင်းပြိုင်တဲ့ လမ်းကြောင်းပေါ် ဝင်ရိုက်မိရာက ပြိုင်မြင်းများ အတိုက်ခံ အနင်းခံရပြီး ဆေးရုံပေါ်မှာ အသက်လုနေရပါတယ်။

အသက် ၄၂ နှစ်အရွယ် Miguel Arcanjo Pacheco ဟာ ဘရာဇီးနိုင်ငံမြောက်ပိုင်း Marajo ကျွန်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော်နေ့မှာ ပြိုင်မြင်းတွေ ဝင်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဖြစ်ပျက်အားလုံးကို မှတ်တမ်းတင်ထားမိပြီး ထိတ်လန့်စရာကောင်းတဲ့ ဗီဒီယိုထဲမှာတော့ အဝေးကလာနေတဲ့ မြင်းပြိုင်ပွဲကို အားလုံးက ပြိုင်ပွဲလမ်းကျောင်းပေါ် တက်ကြည့်နေကြပါတယ်။ မြင်းတွေ နီးလာတဲ့အချိန်မှာ လာတွေအားလုံး ဘေးကပ်လိုက်ကပေမယ့် အမျိုးသားတစ်ဦးကတော့ လမ်းကြောင်းတည့်တည့်မှာ ကင်မရာကိုချိန်လျှက် မိုက်မဲစွာ ရပ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ နီးကပ်လာပြီဖြစ်လို့ ရှောင်ချိန်မရလိုက်ပဲ မြင်းတွေက သူ့ကို ဝင်တိုက်လိုက်တဲ့အခါ မြေကြီးပေါ် ပုံရက်သား ကျသွားခဲ့ပါတယ်။

တစ်နာရီမိုင် ၆၀ နှုန်းနဲ့ ပြေးလာတဲ့အရှိန်ကြောင့် မြင်းတိုက်ခံရသူမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန် မေးရိုးပြုတ်၊ နံရိုးအချို့ကျိုးခဲ့ပါတယ်။ ဆေးရုံကို လေယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ အသက်လုနေရတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။

အဆိုပါ အဖြစ်ပျက်ဟာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး မြင်းကိုထိန်းကျောင်းတဲ့ ဂျော်ကီအနေနဲ့ သူ့ကိုရှောင်လိုက်ရင် ဘေးကလူအုပ်ထဲကိုဝင်တိုးမိပြီး ကလေးတွေနဲ့ အခြားလူအများအပြား ထိခိုက်သွာနိုင်သဖြင့် မရှောင်နိုင်တော့ပဲ ဝင်တိုက်မိခဲ့ရကြောင်း ရိုးရာပွဲကို စီစဉ်သူက ပြောကြားခဲ့သည်။

တာဝန်ရှိသူတွေကတော့ ဒီအဖြစ်ပျက်ကို သင်ခန်းစာယူပြီး နှစ်စဉ်ကျင်းပတဲ့ ရိုးရာပွဲကို အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
 


14 Jun 2018     1,830 Views




RELATED

Most Popular of Special or Others

Most Popular of NEWS