မွေးကင်းစကလေး အလောင်း ရေတွင်းထဲမှပေါ်လာ
15 Jun 2018 1,678 Views

မော်လမြိုင်မြို့တွင် မွေးကင်းစကလေးတစ်ဦး၏အလောင်း ရေတွင်းထဲမှ ပေါ်လာခဲ့သဖြင့် ရပ်ကွက်နေသူများ ထိတ်လန့်ခဲ့ရမှုတစ်ခု ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်၊ သရက်ကုန်းရပ်ကွက် အတွင်းရှိ ရေတွင်းတစ်ခုထဲတွင် စွန်ပစ်ချထားခဲ့သည်ဟု ယူဆရသော မွေးကင်းစကလေးငယ်လေးတစ်ဦး၏ အလောင်း ရေပေါ်တွင် ပေါလောပေါလာခဲ့သည်။
.jpg)




ကလေး၏အလောင်းကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူပေးခဲ့ပြီး အလောင်းကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်း သိရှိရသည်။







