BEC-TERO TV

မယားငယ်ဟု စွပ်စွဲကာ လမ်းမလယ် အဝတ်တွေဆွဲချွတ်ပြီးရိုက်နှက်ခံရ

15 Jun 2018     1,588 Views


အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်နေပါတယ်ဟု စွပ်စွဲကာ အသက် ၃၀ အရွယ် ဗြူတီစပါး(Beauty Spa)ပိုင်ရှင် အမျိုးသမီးကို လမ်းမပေါ်တွင် အဝတ်အစားများ စုတ်ဖြဲကာ ရိုက်နှက်ခဲ့ပြီး ခန္ဓာကိုယ်ပေါ်သို့ ငံပြည်ရည်၊ ငရုတ်သီးမှုန့်တွေနဲ့ ဖြူးကာ တိုက်ခိုက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည ၁၀ နာရီအချိန်ခန့် ဂင်ဂျွန် (၃၀ နှစ်) က သူမရဲ့ ဗြူတီစပါးဆိုင်ထဲတွင် အလုပ်လုပ်နေစဉ် အမျိုးသမီးတစ်ဦး ဒေါသတကြီးနဲ့ ဝင်ရောက်ခဲ့ပြီးနောက် သူ့ခင်ပွန်းနဲ့ ဖောက်ပြန်နေပါတယ်ဟု စွပ်စွဲကာ ဆံပင်က ဆွဲလျှက် လမ်းမကြီးပေါ် ခေါ်ထုတ်သွားခဲ့သည်။ အဆိုပါ အမျိုးသမီ:နှင့်အတူ အခြားအမျိုးသမီးအချို့ အတူပါလာကြပြီး လမ်းမကြီးအလယ်တွင် သူမကို ပါးနားရိုက်ကာ တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် အဝတ်အစားများ ဆွဲချွတ်ကာ ကိုယ်တုံးလုံးဖြစ်လျှက် လမ်းမပေါ်လဲကျနေစဉ် ခန္ဓာကိုယ်ပေါ်သို့ ငံပြာရည်များ လောင်းချခြင်း၊ ငရုတ်သီးမှုန်းများဖြူးခြင်းတို့ ပြုလုပ်ခဲ့သည်။

ဆိုင်နီးချင်းတစ်ဦးက ရဲကိုဖုန်းဆက်တိုင်ကြားခဲ့သဖြင့် ရဲများရောက်လာချိန်တွင် အဆိုပါအမျိုးသမီးများ တစ်ဦးမှမရှိကြတောပါ။ ဒဏ်ရာရနေသော စပါးပိုင်ရှင် အမျိုးသမီးကို ရဲများက ဆေးရုံတင်ပို့ခဲ့ကြသည်။

ကျူးလွန်သွားကြသော အမျိုးသမီးများကို သက်ဆိုင်ရာက စုံစမ်းရှာဖွေလျှက်ရှိပြီး သူမကိုလည်း အမှုဖွင့် တိုင်ကြားရန် ပြောဆိုခဲ့သည်။ သို့သော် သူမက ဖြစ်လာမည့် အကျိုးဆက်ကို တွေးပြီးထိတ်လန့်နေကြောင်း ရဲအရောရှိ ငုရင်ချီဖြောင် က ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ အများပြည်သူသွားလာနေသော နေရာကို လုံခြုံရေးကို ချိုးဖောက်ခဲ့သော တရားခံကို ရှာဖွေကာ သေချာပေါက် ဥပဒေအရ အပြစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 


15 Jun 2018     1,588 Views




RELATED

Most Popular of Special or Others

Most Popular of NEWS