သက်ငယ်မုဒိန်းသေဒဏ်ချမှတ်ရေးအဆို ပြည်သူ့လွှတ်တော်တွင်ရှုံးနိမ့်
19 Jun 2018 1,467 Views
မြန်မာနိုင်ငံအတွင်းတွင် ဖြစ်ပွားလျှက်ရှိသော သက်ငယ်မုဒိန်းများနဲ့ပက်သက်၍ ပြစ်မှုကျူးလွန်သူအား သေဒဏ်ချမှတ်နိုင်ရန် ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့သော အဆို၊ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သက်ငယ်မုဒိန်း ကျူးလွန်သူများအား ထိရောက်စွာဟန့်တားနိုင်မည့် အထူးဥပဒေတစ်ရပ်အဖြစ် သေဒဏ်ချမှတ်သည်ထိ ထိထိရောက်ရောက် အပြစ်ပေးနိုင်မည့် ဥပဒေရေးဆွဲပြဋ္ဌါန်းရန် အဆိုကိုတင်သွင်းခဲ့ပြီး ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများသည့်အတွက် ရှုံးနိမ့်ခဲ့ရသည်။







