BEC-TERO TV

၁ နှစ်သားကလေးငယ် ချော်လဲပြီး ရွှေပန်းလေး စက်လှေကားထစ်များကြားညပ်

19 Jun 2018     1,401 Views


ဈေးဝယ်စင်တာ တစ်ခုတွင် လမ်းလျှောက်တတ်ကာစ ၁ နှစ်သား ကလေးငယ်တစ်ဦး စက်လှေကားပေါ် ချော်လဲကျရာမှ သူ၏အမျိုးသားအင်္ဂါ စက်လှေကားထစ်များကြား ညပ်ခဲ့ပြီး အရေးပေါ် ဆေးရုံတင်ပို့ခဲ့ရပါတယ်။

ဖြစ်စဉ်မှာ မေလ ၂၄ ရက်နေ့က တရုပ်နိုင်ငံ ဟူဘေပြည်နယ်ရှိ ဟောင်ဂန်း ရှော့ပင်းမောလ်တွင် ‘ကွန်ကွန်’ ဟု ချစ်စနိုးအမည်ရှိ ၁ နှစ်အရွယ်ကလေးငယ်နဲ့ အဖိုးဖြစ်သူတို့ အတူတူလည်ပတ်ကြရင်း ပထမထပ်ရှိ ကလေးကစားကွင်းတွင် ကစားခဲ့ကြသည်။ ထိုနောက် ရုတ်တရက် ‘ကွန်ကွန်’ က အပေါ်ထပ်သို့ တက်သည့် စက်လှေကားဆီသို့ ပြေးထွက်သွားခဲ့ပြီး စက်လှေကားအရောက်တွင် မှောက်လျက်လဲကျခဲ့သည်။
 
နောက်မှပြေးလိုက်လာသော အဖိုးဖြစ်သူက အရေးပေါ်ခလုတ်ကို နှိပ်လိုက်သဖြင့် စက်လှေကားရပ်တန့်ခဲ့သော်လည်း ကလေးငယ်၏ လိင်တံလေးမှာ စက်လှေကားထစ်နှစ်ခုကြား ညပ်နေခဲ့သဖြင့် ကလေးငယ်မှာ နာကျင်လွန်းပြီး အော်ဟစ်ငိုယိုခဲ့သည်။
ကလေးအများစုကို မိဘများက အပေါ့အပါးသွားဖို့ လွယ်ကူစေရန် ဝတ်ဆင်ပေးလေ့ရှိသော ရှေ့ကွဲဘောင်းဘီလေးကြောင့် မလုံမခြုံဖြစ်ကာ ညပ်ခဲ့ရခြင်းဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေး ရောက်လာပြီး ကလေးငယ်ကို ညပ်နေရာမှ ထုတ်ပေးနိုင်ခဲ့ကာ ဆေးရုံအမြန်တင်ပို့ခဲ့ပါတယ်။ ကလေးငယ်၏ အမျိုးသားတန်ဆာထိပ်ကို ဖုံးထားသော အရေပြား တစ်ရှူးများ လုံးဝပျက်ဆီးသွားပြီဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

မေလ ၂၅ ရက်နေ့မှာတော့ ဆရာဝန်အဖွဲ့က ကလေးငယ်ရဲ့ ပျက်ဆီးသွားတဲ့ တစ်ရှူးများကို ဖယ်ရှားပေးခဲ့ပြီး ခွဲစိတ်ကုသပေးခဲ့ကြသည်။ ဒေါတာဝမ် ကလေးငယ် ယခုလို အဖြစ်ပျက်ကြောင့် ကြီးလာသည့်အခါ မျိုးမအောင်မည့် အနေအထားတော့ မရှိနိုင်ကြောင်းပြောဆိုခဲ့ပြီး ယခုလို အကာကွယ်မဲ့ ရှေ့ကွဲဘောင်းဘီကို ဝတ်ဆင်ပေးတာက ကလေးငယ်တွေရဲ့ လိင်အင်္ဂါကို မသန့်ရှင်းစေခြင်း၊ ပိုးဝင်စေခြင်းတို့ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။


19 Jun 2018     1,401 Views




RELATED

Most Popular of Special or Others

Most Popular of NEWS